DVB Logo
Home
အားကစား
ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့သည့် အဲဗာတန်အသင်း ၁၂ မှတ်လျှော့ ပြစ်ဒဏ်ကျခံရနိုင်
DVB
·
October 26, 2023
ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့သည့် အဲဗာတန်အသင်း ၁၂ မှတ်လျှော့ ပြစ်ဒဏ်ကျခံရနိုင်
Donate to DVB

ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်ခဲ့တဲ့ အဲဗာတန်အသင်းဟာ ၁၄ မှတ်လျှော့ပြစ်ဒဏ်ကျခံရဖို့ ရှိနေ ပါတယ်။

လက်ရှိအချိန်မှာ လွပ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့က အဲဗာတန်အသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာကိစ္စတွေကို စစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။

ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ကြီးမားတဲ့ အရေးယူမှုခံရမှာဖြစ်ပြီး ပရီးမီးယားလိဂ် အဖွဲ့ချုပ်ဘက်ကတော့ အမှတ်လျှော့ပြစ်ဒဏ်ချမှတ်ဖို့ ထောက်ခံချက်ပေးထားကြောင်း တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။

နည်းပြရှောင်ဒိုက်ချ်ရဲ့ အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၉ အပြီးမှာ ရမှတ် ၇ မှတ်သာ ရရှိထားပြီး အဆင့် ၁၆ နေရာ မှာရပ်တည်နေတာပါ။

အဲဗာတန်အသင်းဟာ ပိုင်ရှင် ဖာဟတ်မိုရှီရီလက်ထက်မှာ အပြောင်းအရွှေ့ ဈေးကွက်မှာ ငွေကြေး များစွာသုံးစွဲခဲ့ဖူးတာပါ။

အသင်းဘက်ကတော့ ဘဏ္ဍာရေးစည်းမျဉ်းချိုး ဖောက်မှုစွပ်စွဲချက်အပေါ် ပယ်ချထားပြီး ကိုဗစ်အကျပ်အတည်းကာလအတွင်းက ကင်းလွတ်ခွင့်တွေ ရရှိမယ်ဆိုရင် အမှုကနေ လွတ်မြောက်နိုင်တယ်လို့ ယူဆနေပါတယ်။

Photo - Reuterrs

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013