DVB Logo
Home
နိုင်ငံတကာ
စစ်မှုမထမ်းမနေရ ဥပဒေအရ ရုရှားလူငယ်များ စစ်မှုထမ်းရန် ခရိုင်းမီးယားကို ထွက်ခွာ
DVB
·
October 26, 2023
စစ်မှုမထမ်းမနေရ ဥပဒေအရ ရုရှားလူငယ်များ စစ်မှုထမ်းရန် ခရိုင်းမီးယားကို ထွက်ခွာ
Donate to DVB

ရုရှား ထိန်းချုပ်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်က ဆင်မ်ဖယ်ရိုပိုမြို့မှာ အောက်တိုဘာ ၂၃ ရက် အခမ်းအနားအပြီး ဒါဇင်နဲ့ချီတဲ့ လူငယ် စစ်မှုထမ်းတွေဟာ စစ်မှုမထမ်းမနေရ ဥပဒေအရ ရုရှားစစ်တပ်မှာ စတင် တာဝန်ထမ်းဆောင်ဖို့ ထွက်ခွာသွားကြပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာလမှာ အမိန့်တရပ်ကို လက်မှတ်ရေးထိုးပြီးတဲ့နောက် နိုင်ငံသား အယောက် ၁၃၀,၀၀၀ ကို ဥပဒေအရ ဆောင်းဦးရာသီမှာ စစ်မှုထမ်းဖို့ ဆော်ဩခဲ့ပြီး တပ်သားသစ်တွေကို အသုတ်လိုက် ခေါ်ယူခဲ့ပါတယ်။

ခရိုင်းမီးယားက အမျိုးသား စုစုပေါင်း အယောက် ၂,၀၀၀ ဟာ အခု ဆောင်းဦးရာသီမှာ ရုရှားစစ်တပ်ရဲ့ အဆင့်အသီးသီးမှာ ပါဝင် တာဝန်ထမ်းဆောင်ဖို့ မျှော်လင့်ရပါတယ်။

သူတို့ထဲက တချို့ဟာ ခရိုင်းမီးယားမှာ တာဝန်ထမ်းဆောင်မှာဖြစ်ပြီး တချို့က ရုရှားနိုင်ငံထဲကို ပြောင်းရွှေ့ရမှာပါ။

ရုရှားဟာ ခရိုင်းမီးယားကို သိမ်းပိုက်ပြီး ရှစ်နှစ်အကြာ ၂၀၁၄ ခုနှစ်မှာ ယူကရိန်းနိုင်ငံထဲကို သိန်းချီတဲ့တပ်တွေ စေလွှတ်ခဲ့ပါတယ်။

ရုရှားအစိုးရဟာ ပင်လယ်နက်နယ်မြေမှာ တပ်ဖွဲ့တွေ အများအပြား စုစည်းထားပါတယ်။ ရုရှားနိုင်ငံထဲက အမျိုးသားအားလုံးဟာ အသက် ၁၈ ကနေ ၂၇ နှစ်အကြား တနှစ်ကြာ စစ်မှုထမ်းဖို့ လိုပါတယ်။

ယူကရိန်းနိုင်ငံအတွင်း ရုရှားစစ်တပ်ရဲ့ ထုတ်မပြောတဲ့ အသေအပျောက်တွေကြောင့် ရုရှားက သူ့ရဲ့ ကြေးစားနဲ့ ပင်တိုင် စစ်မှုထမ်းဦးရေ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ ၁ ဒသမ ၅ သန်းအထိ တိုးမြှင့်ဖို့ အစီအစဉ်ကို မနှစ်က ကြေညာခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013