DVB Logo
Home
မြန်မာသတင်း
“ဟမွန်း” ဆိုင်ကလုန်းမုန်တိုင်း  မီဇိုရမ်ပြည်နယ်ကို မုန်တိုင်းငယ်အဖြစ် အားလျော့ ဝင်ရောက်
DVB
·
October 25, 2023
“ဟမွန်း” ဆိုင်ကလုန်းမုန်တိုင်း  မီဇိုရမ်ပြည်နယ်ကို မုန်တိုင်းငယ်အဖြစ် အားလျော့ ဝင်ရောက်
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းတွင်းပိုင်းကို ဝင်ရောက်သွားတဲ့  ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON)ဟာ အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ကုန်းတွင်းမုန်တိုင်းငယ် အဖြစ်သို့ အားလျော့သွားခဲ့ပြီလို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ဟမွန်း”(HAMOON)နဲ့ပတ်သက်ပြီး အောက်တိုဘာ  ၂၅ ရက်  မွန်းလွဲ ၂ နာရီအချိန်မှာ မိုးဇလက နောက်ဆုံးထုတ်ပြန်လိုက်တာဖြစ်ပြီး  အဆိုပါ ကုန်းတွင်း မုန်တိုင်းငယ်ဟာ အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ တဖြည်းဖြည်း အားလျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ကချင်၊ ကယား၊ ကရင်၊ မွန်ပြည်နယ်နဲ့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်းအပါအဝင် မြန်မာနိုင်ငံဒေသအတော်များများမှာ မိုးရွာခဲ့ပြီး  မှတ်သားဖွယ်ရာ မိုးရေချိန်တွေကတော့ ထီးလင်းမြို့မှာ ၃ ဒသမ ၉၄ လက်မ၊ ရန်ကုန်(ဒဂုံမြိုသစ်မြောက်ပိုင်း)မှာ  ၂ ဒသမ ၉၅ လက်မ၊ ပလက်ဝမှာ ၂ ဒသမ ၅ ၆ လက်မ၊ ဗိုလ်တထောင်မြို့နယ် မှာ ၂ ဒသမ ၄၈ လက်မ၊ မရမ်းကုန်းမြို့နယ်မှာ   ၂ ဒသမ ၃၆ လက်မ၊ ကန့်ဘလူမြို့မှာ   ၂ ဒသမ ၀၈ လက်မ၊ တံတားဦးမှာ   ၁ ဒသမ ၉၇  လက်မနဲ့  ပေါက်တောမှာ  ၁ ဒသမ ၉၃ လက်မ အသီးသီးရှိပါတယ်။  

မြန်မာ့ပင်လယ်ပြင် ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့် ရှိမယ်၊ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ၆  ပေမှ ၈ ပေခန့်နဲ့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၆ ပေလောက်  ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013