DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည် လူငယ်ညီလာခံကျင်းပ၊ ဦးဆောင်မှုကဏ္ဍတွင် လူငယ်များပိုမိုပါဝင်ရေး ဆုံးဖြတ်
DVB
·
October 25, 2023
ကရင်နီပြည် လူငယ်ညီလာခံကျင်းပ၊ ဦးဆောင်မှုကဏ္ဍတွင် လူငယ်များပိုမိုပါဝင်ရေး ဆုံးဖြတ်
Donate to DVB

ပထမအကြိမ် ကရင်နီပြည် လူငယ်ညီလာခံကို ကရင်နီပြည်တနေရာမှာ ကျင်းပခဲ့တယ်ပြီး ဦးဆောင်မှုကဏ္ဍမှာ လူငယ်တွေပိုမိုပါဝင်ရေး ဆုံးဖြတ်ခဲ့ကြတယ်လို့  အောက်တိုဘာ ၂၄ ရက် Kayaw Youth Organization ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ညီလာခံကို အောက်တိုဘာ ၂၁ ရက်ကနေ ၂၂ ရက်နေ့ထိ ကျင်းပဲ့ပြီး ကရင်နီပြည်နယ်အတွင်းမှ လူမျိုးစုလူငယ်များ၊ အရပ်ဘက်အဖွဲ့အစည်းမှ လူငယ်များ၊ နိုင်ငံရေးပါတီမှ လူငယ်များနဲ့ ပါဝင်ထိုက်သူ လူငယ် စုစုပေါင်း ၆၈ ဦး တက်ရောက်ခဲ့ပါတယ်။

ကရင်နီပြည်လူငယ်ရေးရာကော်မတီ ဒုဥက္ကဋ္ဌ ခွန်းသိုင်က “ဒီလိုကာလမျိုးမှာ လူငယ်ညီလာခံ လုပ်နိုင်ဖို့အတွက် လူငယ်တွေ စုံစုံညီညီလာဖို့အတွက်က သွားရေးလာရေး အခက်အခဲရှိတယ်။ ကော်မတီဖွဲ့ပြီး ကြားထဲမှာတော့ ကော်မတီအစည်းအဝေးလုပ်ဖို့ရှိတယ်။ လုပ်ငန်းစဥ်တခု အနေနဲ့ အဓိကကတော့ လျာထားတာက လူငယ်ရေးရာဌာနမှာ လူငယ်အရေး လုပ်ပေးမယ့် ဌာနမျိုး ရှိမယ်။ အဲ့အတွက် ရွေးချယ်ပြီး လုပ်ငန်းစဥ်လုပ်သွားဖို့ရှိတယ်” လို့ ပြောပါတယ်။

ကရင်နီပြည်လူငယ်ရေးရာကော်မတီတရပ်ကို လူငယ့်အရေးကို ဦးဆောင်ဦးရွက်ပြုနိုင်ဖို့ လူငယ် ၆ ဦးနဲ့ ရွေးချယ်ဖွဲ့စည်းခဲ့ပြီး ဦးဆောင်မှုကဏ္ဍမှာ လူငယ်များ ပိုမိုပါဝင်ဆောင်ရွက်နိုင်ဖို့ “ကရင်နီပြည်လူငယ်ရေးရာမူဝါဒ” ကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ပါတယ်။

ဒုဥက္ကဋ္ဌ ခွန်းသိုင်က “ခက်ခဲတဲ့တော်လှန်ရေးကာလမှာ ကရင်နီပြည် အတိုင်းတာနဲ့ကြည့်ရင် လူငယ်တွေ အားအကောင်းဆုံး ပါဝင်တဲ့ ပြည်နယ်တခုထဲမှာ ကရင်နီပြည်ပါတယ်။ လူငယ်တွေကို ကိုယ်စားပြုနိုင်တဲ့ လူငယ်တွေရဲ့အသံ၊ လူငယ်တွေရဲ့ သဘောထားကို ကိုယ်စားပြုနိုင်ဖို့အတွက် ကျနော်တို့ လုပ်ငန်းစဥ်တွေ ရေးဆွဲထားဖို့ရှိတယ်” လို့ ဆက်ပြောပါတယ်။

ကရင်နီပြည်လူငယ်ရေးရာကော်မတီဟာ ကရင်နီပြည် လူငယ်တွေကို ကိုယ်စားပြုနိုင်ပြီး ပြောရေးဆိုခွင့်ရှိတဲ့ လူငယ်ကော်မတီတရပ်ဖြစ်ကာ သက်ဆိုင်ရာ အစုအဖွဲ့အသီးသီးမှ လုပ်ငန်းဆောင်ရွက်ချက်များ ကရင်နီပြည်လူငယ်ရေးရာမူဝါဒနဲ့ ကိုက်ညီမှုရှိစေဖို့ ထိန်းကျောင်းရမယ့် တာဝန်ရှိတာကို ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013