DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအလုပ်သမား ၃၇ ဦး အခွင့်အရေး ချိုးဖောက်ခံရ
DVB
·
October 25, 2023
ထိုင်းတွင် မြန်မာအလုပ်သမား ၃၇ ဦး အခွင့်အရေး ချိုးဖောက်ခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ စီလချာမတ်မိုမှာ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) စနစ်နဲ့ သွားရောက်လုပ်ကိုင်ခဲ့တဲ့ မြန်မာအလုပ်သမား ၃၇ ဦး လုပ်အားခ ပုံမှန်မရရှိတာအပါအဝင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ကာယကံရှင် အလုပ်သမားတွေက ပြောပါတယ်။

မြန်မာအလုပ်သမား ၃၇ ဦးဟာ ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်၊ ဘန်ဖီမြို့၊ ဘန်ခဲအိုမှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာနိုင်ငံမှ ACTUAL TOKYO MAX ကုမ္ပဏီနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ကုမ္ပဏီက မြန်မာအလုပ်သမားတွေကို စာချုပ်ပါလုပ်ငန်းခွင် မဟုတ်ဘဲ ရတ်ချဘူရီမြို့နဲ့ လေယောင်မြို့ရှိ ဆောက်လုပ်ရေးဆိုက်ကို ဇူလိုင် ၂၁ ရက်က ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ကာယကံရှင် အလုပ်သမားတဦးက “ကျနော်တို့ ထိုင်းကို စရောက်ပြီး အခုချိန်အထိ အလုပ်ပုံမှန် မဆင်းရတာတွေ၊ ချေးငွေ မထုတ်ပေးတာတွေ၊ လုပ်အားခ ပုံမှန်မရရှိတာတွေ၊ နေရာထိုင်ခင်း မလုံခြုံတာတွေ ကြုံနေရပါတယ်။ လုပ်အားခ ပုံမှန်မရရှိတာကြောင့် စားဝတ်နေရေး အခက်အခဲများ ကြုံနေတယ်။ ဒါကြောင့် WAG အဖွဲ့ထံ ဆက်သွယ်ပြီး အကူအညီတောင်းခဲ့ပါတယ်” လို့ ပြောပါတယ်။

အလုပ်သမားကူညီစောင့်ရှောက်ရေးအသင်း (WAG) မှ ကိုမုန်တိုင်းက “ကျနော်တို့ မြန်မာအေးဂျင့်တွေဆီ ဆက်သွယ်တဲ့အချိန်မှာ သူတို့ဘက်က သံရုံးမှာပဲ ရှင်းမယ်လို့ ပြောတယ်။ ဒီအေးဂျင့်က အဲဒီလိုလုပ်နေတာ သုံးလေးခါရှိပြီ။ ထိုင်းဘက်က အေးဂျင့်တွေကလည်း ဒီကုမ္ပဏီတွေကို တော်တော်စိတ်ပျက်နေကြတယ်။ ထိုင်းဘက်အေးဂျင့်တွေ လူလိုတာက ၂၀ လောက်ဆိုရင် မြန်မာအေးဂျင့်တွေဘက်က အယောက် ၁၀၀ နီးပါးလောက် ပို့တာ။ ထိုင်းဘက် ရောက်လာတဲ့ မြန်မာတွေကို ထိုင်းအေးဂျင့်တွေကလည်း တခြားဆိုက်တွေဆီ လူထည့်တာတွေ ရှိတယ်။ ဒီလိုမျိုးနဲ့ မြန်မာအလုပ်သမားတွေ ဒုက္ခရောက်ကြတာပါ” လို့ ပြောပါတယ်။

အလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံနေရတာနဲ့ပတ်သက်လို့  ACTUAL TOKYO MAX ကုမ္ပဏီဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013