DVB Logo
Home
မြန်မာသတင်း
ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်ကို ထပ်မံစစ်ဆေးနေ
DVB
·
October 25, 2023
ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်ကို ထပ်မံစစ်ဆေးနေ
Donate to DVB

ပြီးခဲ့တဲ့ စက်တင်ဘာလက စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရာထူးကနေ အနားပေးပြီး စစ်ဘက် ရာထူးကို ပြန်လည်ထမ်းဆောင်စေခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ထပ်မံစစ်ဆေးနေတယ်လို့  ရဲတပ်ဖွဲ့ အသိုက်အဝန်းကသိရပါတယ်။

ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ ပြည်ထဲရေးဝန်ကြီး တာဝန်ယူစဉ်က ဝန်ထမ်းတွေ အပေါ် မောက်မာစွာဆက်ဆံမှုတွေ၊ အကျင့်လာဘ်စားမှုတွေကြောင့် ဖြစ်နိုင်တယ်လို့လည်း ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“သူ့မိန်းမ ဒေါ်နီလာစိန်က တော်တော်ဆိုးတယ်။ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ဝန်ထမ်းတွေကို တယောက် ဘယ်လောက်နှုန်းနဲ့ဆိုပြီး လစဉ် ဆက်ကြေးပေးရသလို ပေးရတယ်။ ဒီကာလမှာ အကြောင်းကြောင်းကြောင့် အဖမ်းခံရတဲ့ လုပ်ငန်းရှင်တွေကို တယောက်ကို သိန်းသောင်းချီ လာဘ်ယူပြီး ပြန်လွှတ်ခိုင်းတယ်။ နောက် ပတ်စ်ပို့ကိစ္စတွေဆိုရင် ဗုဒ္ဓဂယာဘုရားဖူးခေါင်းစဉ်နဲ့ ခရီးသွားကုမ္ပဏီထောင်ပြီး တစ်နေ့ လူ ဦးရေ ၅၀၀ လောက်လုပ်ခိုင်းတယ်။ သူတို့ လင်မယားရှိတုန်းကဆို ဝန်ထမ်းတွေ တော်တော် စိတ်ဆင်းရဲကြရတာ။”

ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ဘာကြောင့် စစ်ဆေးနေတယ်ဆိုတာတော့ မသိရဘဲ နေအိမ်အကျယ်အချုပ်နဲ့ ဒုတိယအကြိမ် စစ်ဆေးနေတာဖြစ်ပြီး သူ့မိန်းမရဲ့ လာဘ်စားမှုတွေနဲ့ ပတ်သက်နိုင်တယ်လို့ သတင်း ရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဆိုပါ ပတ်စ်ပို့ကိစ္စတွေနဲ့ပတ်သက်ပြီး ရဲမှူးကြီးကျော်သီဟအပြင် နောက်ထပ် ရဲမှူးကြီးတယောက် လည်း စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

“ရဲမှူးကြီး ကျော်သီဟဆို စိုးထွဋ်ကို ပိုင်တယ်ဆိုပြီး ဌာနထဲမှာ ဘယ်သူ့မှ ဂရုမစိုက်ဘူး။ သူမကြည်တဲ့သူတွေဆို အမျိုးမျိုးဒုက္ခပေးတာ ” လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့ကို အဂတိလိုက်စားမှုတွေနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း(အနှစ် ၂၀) အမိန့်ချပြီးအရေးယူခဲ့ပေမဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုတော့ ဝန်ကြီးနေရာအနားပေးပြီး မူလစစ် ဘက်တာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့ တာဝန်ပေးထားတာ ဖြစ်ပါတယ်။

Photo Credit- MFIU

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013