DVB Logo
Home
မြန်မာသတင်း
စစ်ရှောင်များကို ကုသပေးနေသည့် မူကယန်းဆေးခန်း၌ ဆေးဝါးလိုအပ်နေ
DVB
·
October 24, 2023
စစ်ရှောင်များကို ကုသပေးနေသည့် မူကယန်းဆေးခန်း၌ ဆေးဝါးလိုအပ်နေ
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေကြတဲ့ ပြည်သူတွေနဲ့ ဒေသခံတွေကို အခမဲ့ ဆေးကုသပေးနေတဲ့ မူကယန်းဆေးခန်းမှာ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဆေးခန်းတာဝန်ရှိသူတယောက်က ပြောပါတယ်။

မူကယန်းဆေးခန်းမှာ စက်တင်ဘာလက လူနာ ၈၈၂ ယောက်ကို ကုသပေးကာ တလ ပျှမ်းမျှ လူနာ အယောက် ၉၀၀ ကနေ ၁,၂၀၀ အထိ ဆေးခန်းပြနေကြပြီး အရေးပေါ်လူနာတွေကိုလည်း ညအချိန်ထိ ကုသပေးနေတယ်လို့ ဆိုပါတယ်။

ဆေးခန်းတာဝန်ရှိသူတယောက်က “အလှူရှင်တွေဆီက အလှူခံရငွေနဲ့ လူနာ အခမဲ့ကုပေးပါတယ်။ စစ်ဘေးရှောင် လူထုအတွက် အဓိကထားပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးပါတယ်။ ခုကာလက ရာသီတုပ်ကွေး လူနာများတယ်။ ဆေးက အစုံလိုအပ်တယ်။ တခါတလေ အပြင်မှာ ဝယ်ခိုင်းလိုက်ရတာတွေရှိတယ်” လို့ ပြောပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းတဲ့ အခုချိန်မှာ ဆေးခန်းကို ရာသီတုပ်ကွေးဖြစ်တဲ့လူနာနဲ့ နာတာရှည်ရောဂါ ခံစားနေရတဲ့ လူနာတွေ ဆေးခန်းလာပြတာ ပိုများနေပြီး ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

မူကယန်းဆေးခန်းက ဒီးမော့ဆို အနောက်ဘက်ခြမ်းတနေရာမှာ ၂၀၂၁ ခုနှစ် သြဂုတ် ၈ ရက်ကစပြီး စစ်ဘေးရှောင်ပြည်သူတွေကို အခမဲ့ ကုသပေးနေတဲ့ အဖွဲ့တခု ဖြစ်ပါတယ်။

ရာသီတုပ်ကွေးဖြစ်ပွားနေတဲ့ စစ်ရှောင်စခန်းက ပြည်သူတွေဟာ မူကယန်းဆေးခန်းမှာ ဆေးခန်းသွားပြနေကြရပြီး ကိုယ်ဝန်ဆောင်မိခင်တွေလည်း အားထားရတဲ့ ဆေးခန်းဖြစ်တယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၂ သိန်းခွဲကျော်အထိရှိနေပြီး မိုးအဆက်မပြတ် ရွာသွန်းတာတွေ၊ မိုးကာမလုံတာတွေကြောင့် အအေးမိတာနဲ့ ရာသီတုပ်ကွေးဖြစ်တဲ့ စစ်ရှောင်စခန်းတွေ များပြားနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးသူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013