DVB Logo
Home
မြန်မာသတင်း
သိန္နီမြို့နယ်တွင် ရွာသား ၁၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရ
DVB
·
October 24, 2023
သိန္နီမြို့နယ်တွင် ရွာသား ၁၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ်ထဲမှာ အောက်တိုဘာလအတွင်း တိုက်ပွဲတွေကြောင့် ကိုယ်ဝန်ဆောင်မိခင် ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ရွာ ၃ ရွာက နေအိမ်အဆောက်အဦတွေ ပျက်စီးကာ ရွာသားပေါင်း ၁၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့  ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF) အဖွဲ့က  အောက်တိုဘာ ၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၅ ရက်မနက်ကစပြီး စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့ဝင်တွေဟာ သိန္နီမြို့အရှေ့ဘက် ကုန်းကော်ရွာရှိ သိန္နီ-ချင်းရွှေဟော်အဝေးပြေးလမ်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီး အောက်တိုဘာ ၆ ရက်မှာ SSPP တပ်ဖွဲ့ဝင်တွေနဲ့ ပန်နကျေးရွာတောင်ဘက်မှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်တိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရှိ ရာဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ်ထိခိုက်ပျက်စီး ခဲ့သလို ရွာသားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတာလို့ ဆိုပါတယ် ။

SHRF မှ ကောက်ယူရရှိထားတဲ့စာရင်းတွေအရ လက်နက်ကျည်တွေဟာ ကွန်ကောက်ရွာ ဘုန်း ကြီးကျောင်းဝင်းနဲ့ ရွာထဲကိုကျပြီး ကိုရင်တွေနေတဲ့ကျောင်းဆောင် ပျက်စီးခဲ့သလို  ကွန်ကောက်၊ ကောင်းချို၊ ဖိုင်ခမ်းစတဲ့ရွာတွေထဲမှာလည်း ကျရောက်တာကြောင့် နေအိမ်တချို့ထိမှန်ကာ ကောင်းချိုရွာက အသက် ၂၅ နှစ်ရွယ် ကိုယ်ဝန်ဆောင် ၁ ဦးကို ကျည်ထိမှန်ခဲ့တယ်၊ လားရှိုးဆေးရုံကြီးမှာ တက်ရောက်ကုသစဉ် ဗိုက်ထဲကကလေး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ 

အောက်တိုဘာ ၅ ရက်မှ ၁၀ ရက်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ကွန်ကောက်ကျောင်းတိုက်က သံဃာတော်တွေအပါအဝင် ပိန်းကန်း၊ ကွန်ကောက် ၊ ပိန်းဟုန်း၊ ဝမ်ဟယ်၊ တန့်ခန် ၊ နောင်မောင်း၊ ဟိုနောင်နဲ့ ဖိုင်ခမ်းစတဲ့ ရွာသား ၉၀၀ ကျော် ဟိုမိန်းဘုန်းကြီးကျောင်းမှာ ထွက်ပြေးခိုလှုံခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အဆိုပါကျေးရွာက ရွာသားတွေရော၊ ပန်နားနဲ့ ကုန်းညောင်က ရာနဲ့ချီတဲ့ရွာသားတွေဟာ စယ်အူဘုန်းကြီးကျောင်း၊ ဖိုင်ခမ်းဘုန်းကြီးကျောင်းနဲ့ လားရှိုး၊ ကွမ်းလုံ၊ ဟိုပန်ရှိ ဆွေမျိုးတွေထံ သွားရောက်ခိုလှုံခဲ့ရတယ်။

သိန္နီ-ချင်းရွှေဟော်လမ်းမကြီးဟာ တရုတ်နိုင်ငံ ချန်ဒူးဒေသကနေ မြန်မာပြည်ကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်ထားတဲ့ ပင်လယ်-ရထား- ကုန်းလမ်းတို့ရှိရာ ခါးပတ်တစ်ကွင်းလမ်း ( OBOR  ) ရဲ့ အစိတ်အပိုင်းတစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013