DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် မီးပျက်ချိန်များသဖြင့် အသေးစားလုပ်ငန်းအချို့ ရပ်နား
DVB
·
October 24, 2023
မွန်ပြည်နယ်တွင် မီးပျက်ချိန်များသဖြင့် အသေးစားလုပ်ငန်းအချို့ ရပ်နား
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လျှပ်စစ်မီး ပျက်ချိန်ပိုများလာတာကြောင့် တနိုင်တပိုင် လုပ်ကိုင်နေတဲ့ အသေးစားစက်မှု လုပ်ငန်းတချို့ ရပ်နားထားရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

လျှပ်စစ်မီးမရလို့ အသေးစားစက်မှုလုပ်ငန်းတွေဖြစ်တဲ့ မုန့်ဖုတ်လုပ်ငန်း၊ မိတ္တူလုပ်ငန်း၊ သံပန်းလုပ်ငန်း၊ စားသုံးကုန်လုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းတွေပါ ရပ်ဆိုင်းလုနီးပါး ဖြစ်နေ ပါတယ်။

နေ့ဘက်မှာ လျှပ်စစ်မီး မလာတာများတဲ့အပြင်ကို စက်သုံးဆီ ဝယ်ယူရာမှာလည်း ဈေးနှုန်းကြီးမြင့်တာကြောင့် လုပ်ငန်းတွေ အခက်အခဲများစွာရှိနေတယ်လို့ မုန့်ဖုတ် လုပ်ငန်းလုပ်ကိုင်သူ တဦးက ပြောပါတယ်။

"မီးက အလှည့်ကျဆိုပေမဲ့ လာချိန် မမှန်ဘူး။ သေရင်တော့ မှန်တယ်။ မီးမလာတော့ လက်ရှိ ဆီဈေးနဲ့က ဘယ်လိုမှ အဆင်မပြေဘူး။ ဖောက်သည်ပေးနေရတော့ ဈေးထပ် တင်ဖို့က အဆင်‌မပြေဘူးလေ။ သိပ်ရောင်းမကောင်းတဲ့ မုန့်တွေကျတော့ အခု လုံးဝ မဖုတ်တော့ဘူး။ ရောင်းကောင်းတာလေးပဲ အားစိုက်ပြီးလုပ်နေရတယ်။" 

လျှပ်စစ်မီးပြတ်မှုကြောင့် မော်လမြိုင်မြို့ရဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်း၊ အလတ်စား စက်မှုလုပ်ငန်းနဲ့ မိသားစုတနိုင်တပိုင်လုပ်ငန်းတွေရဲ့ ၃ ပုံ ၁ ပုံလောက် ရပ်နားထား ရတယ်လို့ စက်မှု၊လက်မှုလုပ်ငန်းရှင် တဦးထံက ပြောပါတယ်။

"မီးကမမှန်၊ စက်သုံးဆီက ဈေးကြီးတော့ သုံးပုံ တပုံနီးပါး ရပ်နားရတယ်။ ဒီနှစ်ခုက အဓိက ပေါ့။ နောက် ကုန်ကြမ်းနဲ့ သွင်းအားစုစရိတ်‌တွေ ဈေးကြီးတာကြောင့်လည်း ရပ်နား ရတာ တွေလည်းရှိတယ်။"

မီးပုံမှန် မလာတာအပြင် အစာ ဈေးနှုန်း မြင့်လာတာနဲ့ ဈေးကောင်း မရတာတွေကြောင့် ကြက်ခြံလုပ်ငန်းတွေ ဆက်လုပ်ဖို့ ခက်ခဲလာတယ်လို့ မြို့ခံ ကြက်မွေးမြူရေးလုပ်ကိုင်သူ တဦးက ပြောပါတယ်။

မော်လမြိုင်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာမှာ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေကို အုပ်စု A ၊ B၊ C ခွဲထားပြီး  အလှည့်ကျစနစ်နဲ့ တကြိမ်ကို လျှပ်စစ်မီး ၂ နာရီဖြန့်ဝေနေပါတယ်။

ရန်ကုန်အပါအဝင် တခြားနယ်မြို့တွေမှာလည်း အလားတူ လျှပ်စစ်မီး မလာတဲ့ပြဿနာ ကြုံတွေ့နေရလို့ စီးပွားရေးလုပ်ငန်းတွေ အခက်ကြုံနေကြရပါတယ်။

မြန်မာနိုင်ငံမှာ အသေးစား၊ အလတ်စားနဲ့ အငယ်စားလုပ်ငန်းတွေဟာ  လုပ်ငန်းအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော် ရှိတယ်လို့ UMFCCI စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013