
အစ္စရေးနိုင်ငံကို အောက်တိုဘာ ၇ ရက်က ဟားမတ်စ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုမှာ အီရန်က ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ်က အောက်တိုဘာ ၂၂ ရက်မှာ စွပ်စွဲလိုက်ပါတယ်။
စစ်ပွဲ ဘယ်လိုပဲ အရှိန်တိုးမြင့်လာသည်ဖြစ်စေ အီရန်အစိုးရဆီကနေ တန်ရာတန်ကြေးကို မရအရ ပြန်တောင်းယူရနိုင်တယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။
အထက်လွှတ်တော်အတွင်း အမေရိကန် နိုင်ငံရေးပါတီ နှစ်ရပ်စလုံးက အမတ်တွေပါတဲ့ အုပ်စုနဲ့အတူ စကားပြောရင်း ရီပတ်ဘလစ်ကန်ပါတီဝင် ဂရေဟမ်က ခုလို ပြောလိုက်တာပါ။ သူတို့ရဲ့ မိန့်ခွန်းတွေအတွင်း အစ္စရေးကို ထောက်ပံ့ရေးကို ကမ်းလှမ်းခဲ့ကြပါတယ်။ အီရန်ကတော့ အစ္စရေးသမိုင်းမှာ သွေးချောင်းအစီးဆုံး တိုက်ခိုက်မှုတွေထဲမှာ ပါဝင်ပတ်သက်တာ မရှိဘူးလို့ ငြင်းထားပါတယ်။
အစ္စလာမ္မစ် ဟားမတ်စ်အုပ်စုက အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာ အစ္စရေးနိုင်ငံသား အယောက် ၁,၄၀၀ ကျော် သေဆုံးခဲ့ပြီး ၂၁၂ ယောက်ကို ပြန်ပေးဆွဲ ဖမ်းဆီးခံထားရပါတယ်။ အစ္စရေးရဲ့ တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာမှာ သေဆုံးသူဦးရေ ၄,၆၅၁ ဦးရှိပြီး ၁၄,၂၄၅ ယောက် ဒဏ်ရာရခဲ့တယ်။
Source/Photo-Reuters