DVB Logo
Home
နိုင်ငံတကာ
အစ္စရေး-ပါလက်စတိုင်းပဋိပက္ခ အဆုံးသတ်ရေး ကမ္ဘာ့ခေါင်းဆောင်များ အီဂျစ်တွင် စုဝေး
DVB
·
October 23, 2023
အစ္စရေး-ပါလက်စတိုင်းပဋိပက္ခ အဆုံးသတ်ရေး ကမ္ဘာ့ခေါင်းဆောင်များ အီဂျစ်တွင် စုဝေး
Donate to DVB

အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြားက ဆယ်စုနှစ်အများကြီးကြာအောင်ဖြစ်နေတဲ့ အကြမ်းဖက်မှု သံသရာကို အဆုံးသတ်ရေး ကြိုးပမ်းဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ အီဂျစ်နိုင်ငံမှာ အောက်တိုဘာ ၂၁ ရက်က စုဝေးခဲ့ကြပါတယ်။

ဂါဇာကမ်းမြောင် ဒေသကို အစ္စရေးက သီတင်းပတ် နှစ်ပတ်ကြာ ဗုံးကြဲတိုက်ခိုက်မှုကို အာရပ် ခေါင်းဆောင်တွေက ရှုတ်ချခဲ့ပြီး ပိုကျယ်ပြန့်တဲ့ ဒေသတွင်းစစ်ပွဲ ဖြစ်နိုင်ခြေကို အဆုံးသတ်ရေး ကြိုးပမ်းအားထုတ်ဖို့ အသစ်တဖန် တောင်းဆိုခဲ့ကြ တာပါ။

ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ် မစ်ချယ်က ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ရှေ့တိုး တက်လှမ်းဖို့က သူတို့ရဲ့ တာဝန်လို့ ပြောပါတယ်။

အစ္စရေးရဲ့ အရင်းနှီးဆုံး မဟာမိတ်နဲ့  ဒေသတွင်းငြိမ်းချမ်းရေးအတွက် ဟိုးအရင်က ကြိုးပမ်းချက်တွေ မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ အမေရိကန်ကတော့ ဒီညီလာခံအတွက် ကိုင်ရိုမြို့တော် မှာရှိတဲ့ အမေရိကန် သံရုံးက သံအမတ်ကြီးကိုသာ စေလွှတ်ခဲ့ ပါတယ်။

ဂျာမန်အဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်၊ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနတ်ခ်နဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်တို့လည်း ဒီညီလာခံကို မတက်ခဲ့ပါဘူး။ 

ထိပ်သီး အစည်းအဝေးဟာ ဂါဇာကမ်းမြောင်ဒေသကို ချေမှုန်းဖို့ အစ္စရေးက ဆက်ပြင်ဆင်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ 

ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ အကြားမှာ အစ္စရေးရဲ့ တန်ပြန်ထိုးစစ်ကြောင့် ပါလက်စတိုင်း ၄,၄၀၀ ကျော် သေဆုံးခဲ့ပြီးပြီ လို့ ယူရိုနယူးစ် သတင်းဌာနက ဖော်ပြပါတယ်။

လူဦးရေ ၂ ဒသမ ၃ သန်းနေထိုင်ရာ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက မကြုံစဖူး ဗုံးကြဲတိုက်ခိုက်ရင်း  ဝိုင်းရံ ပိတ်ဆို့ ထားမှုအပေါ် အာရပ်နိုင်ငံတွေက ဒေါသထွက်ကြောင်း ပြောဆိုခဲ့ ကြပါတယ်။

ဆော်ဒီ၊ ဂျာမန်နဲ့ နော်ဝေ နိုင်ငံခြားရေးဝန်ကြီးတွေကတော့ အစ္စရေး -ပါလက်စတိုင်း ပဋိပက္ခကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ ဒီ ထိပ်သီးအစည်းအဝေးအတွင်း တောင်းဆိုခဲ့ကြ ပါတယ်။

ဂါဇာကမ်းမြောင်ဒေသက လူတွေကို အတင်းအကျပ် ရွှေ့ပြောင်းဖို့ အစ္စရေးရဲ့ ကြိုးပမ်းမှုတွေကို ပယ်ချခဲ့တယ်လို့ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီးကတော့ ဂါဇာကမ်းမြောင်ဆီ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပိုမိုရရှိရေးနဲ့ နှစ်နိုင်ငံ ဖြေရှင်းချက်ဆီ ဦးတည်မယ့် နိုင်ငံရေး လုပ်ငန်းစဉ်ကို ပြန်စဖို့ တောင်းဆို ခဲ့ပါတယ်။

အစ္စရေးက ဟားမတ်စ်အဖွဲ့ကို တိုက်ခိုက်မှုဟာ ဂါဇာကမ်းမြောင်ဒေသက  လူသားချင်းစာနာ ထောက်ထားမှု အခြေအနေကို အလေးထားရင်း လုပ်ဆောင်ရမယ်လို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013