DVB Logo
Home
မြန်မာသတင်း
တီးတိန်မြို့နယ်၌  စစ်ကောင်စီတပ်သား  ၁ ဦး CDF CDM-Siyin ထံ အလင်းဝင်
DVB
·
October 23, 2023
တီးတိန်မြို့နယ်၌  စစ်ကောင်စီတပ်သား  ၁ ဦး CDF CDM-Siyin ထံ အလင်းဝင်
Donate to DVB

စစ်ကောင်စီတပ်သားတယောက် အောက်တိုဘာ ၂၀ ရက်က   ချင်းပြည်နယ် တီးတိန်မြို့နယ် အခြေစိုက်  CDF Civic Defense Militia-CDM-Soyinka အဖွဲ့ထံ အလင်းဝင်လာတယ်လို့  ချင်းကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။

စစ်ကောင်စီတပ်ရင်း ၂၆၉ မှ တပ်သား ကိုစိုင်းဇော်ထွေးဟာ CDF CDM-Siyin တီးတိန်မြို့နယ် သိုင်းငင်စစ်စခန်းကို အလင်းဝင်ရောက်လာတာလို့  အောက်တိုဘာ ၂၂ ရက်က ထုတ်ပြန်ပါတယ်။

CDF CDM-Siyin တာဝန်ရှိသူက  “ ဒီတပ်သားက အရင် နှစ်လကျော်လောက်က သိုင်းငင်တိုက်ပွဲဖြစ်မှ ရဟတ်ယာဉ်နဲ့ လာချပေးခဲ့သူဖြစ်တယ်။ ကျနော်တို့ ဖေ့စ်ဘွတ်ခ်မှာ တင်တာတွေကို ကြည့်ပြီး ဂိတ်ကင်းသမားတွေက တဆင့်ဆက်သွယ်ပြီးလာခဲ့တာဖြစ်ပါတယ်”လို့ ပြောပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ အသက် ၃၁ နှစ်ရှိ ကိုစိုင်းဇော်ထွေးဖြစ်ပြီး ၂၀၁၈ ခုနှစ်ကတည်းက  စစ်တပ်ထဲဝင်ရောက်ခဲ့သူဖြစ်ပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့တော်လှန်ရေးဘက်က ကြိုဆိုတဲ့အပြင် လွတ်မြောက်နယ်မြေအထိရောက်ပြီး လုံခြုံစိတ်ချစွာ နေထိုင်ဖို့ အကူအညီပေးသွားမယ်လို့လည်း ဆိုပါတယ်။

CDF CDM-Siyin မှာ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၁၀ ယောက်ကျော်ရှိပြီး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာပါက အနည်းဆုံး ကျပ် သိန်း ၅၀ နဲ့ အထက်မှ ပစ္စည်းအမျိုးအစားနဲ့ အရည်အတွက်ပေါ်မူတည်ပြီး ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013