DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် စီးပွားရေးဖိုရမ် ပထမဆုံးအကြိမ် ကျင်းပ
DVB
·
October 23, 2023
ရခိုင်ပြည်နယ် စီးပွားရေးဖိုရမ် ပထမဆုံးအကြိမ် ကျင်းပ
Donate to DVB

ရခိုင်ပြည်နယ် စီးပွားရေးဖိုရမ်ကို အောက်တိုဘာ ၂၂ ရက်မနက်က စတင်ပြီး  စစ်တွေမြို့ရှိ ခိုင်သဇင် ခန်းမမှာ ပထမဆုံးအကြိမ်ကျင်းပပါတယ်။

ဖိုရမ်ကို စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်အစိုးရရဲ့ အစီအစဉ်နဲ့ ကျင်းပတာဖြစ်ပြီး ပြည်နယ်အတွင်း ဒေသခံ စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းရှင်တွေ ပေါ်ထွက်လာစေရေးနဲ့ ရခိုင်ဒေသ အနာဂတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။

ဖိုရမ်ကျင်းပရေး တာဝန်ရှိသူတဦးက "ရခိုင်ပြည်နယ်မှာ ဒီလို စီးပွားရေးဖိုရမ် ကျင်းပတာ တခါမှ မရှိသေးဘူးဗျ။ ဒါက  ပထမဆုံး ကျင်းပတာ။ ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ရခိုင်ဒေသခံ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေ ပေါ်ထွက်လာစေရေးနဲ့ အနာဂတ်စီးပွားရေး ဖွံ့ဖြိုးတိုး တက်လာရေးအတွက် ရည်ရွယ်ကျင်းပခဲ့ကြတာ” လို့  ပြောပါတယ်။

အခုလို စီးပွားရေးဖိုရမ် ကျင်းပမယ်ဆိုရင် အများပြည်သူသိရှိအောင် ကြိုတင်ပြီးသတင်းဖြန့်ဝေ ပေးသင့်ကြောင်းနဲ့ ဒါမှသာ  အများပြည်သူအားလုံး တက်ရောက် လေ့လာနိုင်မှာဖြစ်တယ်လို့ ရခိုင်ဒေသခံ စီးပွားရေးလုပ်ငန်းရှင်  လူငယ်တယောက်က ပြောပါတယ်။

"ရခိုင်ဒေသနဲ့ ပတ်သက်ပြီး  စီးပွားရေးလုပ်ငန်းတွေ ဘာတွေလုပ်နိုင်မလဲ။ အဓိက ကတော စိုက်ပျိုးရေး၊ မွေးမြူရေးရှိမယ်၊ တင်ပို့နိုင်တဲ့ ကုန်စည်တွေက အိန္ဒိယဆို ပဲမျိုးစုံရှိမယ်၊ အဲ့ဒီ ပဲတွေ အရည်အသွေပြည့်ဝဖို့ နည်းပညာတွေ လိုမယ်ပေါ့။ အခုဆွေးနွေးကြတဲ့ Group တွေမှာပေါ့ IT ပညာရှင်တွေပါလာတယ်။ အဓိက  အွန်လိုင်းကနေ စီးပွားရှာချင်ကြတာများတယ်။ တကယ်ဆို စီးပွားရေးဖိုရမ် ကျင်းပပြုလုပ်မယ်ဆို အများပြည်သူများစွာသိရှိအောင် ကြိုတင်ပြီး သတင်းဖြန့်ဝေ ပေးသင့်တယ်။”

အဆိုပါ စီးပွားရေးဖိုရမ်မှာ ရခိုင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းဆိုင်ရာ ပညာရှင်တွေဖြစ်ကြတဲ့ ဦးတင်ဇံကျော် (Chairman ၊ Device Business University - DBU)၊ ဦးထွန်းထွန်းနိုင် ( President, We Love Rakhine၊ Chairman & Group of CEO Blue Ocean Investment Co.,Ltd နဲ့  ဒေါ်ပန်းအိဖြူ (Chief Operating Officer ၊ Myanmar Payment Solution Services Company )တို့ကအဓိက     ဟောပြောဆွေးနွေးခဲ့ကြပါတယ်။ 

ဖိုရမ်ကို ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်တွေ၊ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေ၊   စီးပွားရေးပညာရှင်တွေနဲ့ လူငယ်တွေလည်းတက်ရောက်ကြပြီး ရခိုင်ပြည်နယ်ရဲ့  အနာဂတ် စီးပွားရေးအလားအလာနဲ့ ပတ်သက်လို့ စကားဝိုင်းဆွေးနွေးပွဲ ၃ ခု ဆွေးနွေးခဲ့ ကြ​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013