DVB Logo
Home
မြန်မာသတင်း
စလင်းနှင့် ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၁၄ ဦးသေဆုံး
DVB
·
October 22, 2023
စလင်းနှင့် ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၁၄ ဦးသေဆုံး
Donate to DVB

မကွေးတိုင်း စလင်းမြို့နယ်မှာ အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၂ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာ ရခဲ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း(၂) က သိရပါတယ်။

မကျည်းမရေနံမှော်ဘက်ကနေ ကျွဲဦးကျေးရွာဘက်ကို အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်း ထိုးလာတဲ့စစ်တပ်ကို မွန်းလွဲ ၁ နာရီ ၄၅ မိနစ်လောက်ကနေ ညနေ ၄ နာရီကျော်အထိ တိုက်ခိုက်ခဲ့ကြတယ်လို့ မင်းဘူးခရိုင် တပ်ရင်း(၂)ရဲ့ ပြန်ကြားရေးတာဝန်ခံ တာလဘောက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၁၂ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပြီး ငလိုင်တွင်းကုန်းမှာ နာရေး လုပ်ကြောင်း ဖရဲသီးဆီက သတင်းရတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို မင်းဘူးခရိုင် တပ်ရင်း(၁)၊ တပ်ရင်း(၂)နဲ့  SLN-LPDF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

စလင်းမြို့နယ်မှာ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ပိုင်းကလည်း ငလှိုင်တွင်း ရေနံမှော် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၇ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း(၁) စလင်း-PDF ကနေသိရပါတယ်။

အလားတူ ရေစကြိုမြို့နယ် ဖူလုံရွာမှာလည်း ခလရ-၂၅၆ ကို အောက်တိုဘာ ၂၁ ရက် မနက် ၁၁ နာရီ လောက်က မောင်းသူမဲ့  Fixed wing နဲ့ဝေဟင်ကနေ ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့ရာမှာ အရာရှိ ၁ ဦးနဲ့ ရဲဘော် ၁ ဦး ထိမှန်သေဆုံးသွားတယ်လို့ N-YSO အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

"ဗုံးသီးက တပ်တွင်းရှိ နေရာ နှစ်နေရာကို တိုက်ခိုက်ခဲ့တာ။ အရာရှိ တဦးနဲ့ ရဲဘော် တဦး ကျတယ်လို့ သတင်းရတယ်။ ဒီထက်မက ကြိုးစားနေပါတယ်”လို့   N-YSO အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်နေချိန် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ရဲဘော်တွေ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ N-YSO အဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ပစ်ခတ် တိုက်ခိုက်မှုကို N-YSO ပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း-၁၀၊ ရေစကြိုမြို့နယ် ပကဖ တပ်ခွဲနဲ့ သံမဏိသိန်းငှက်-STEEL HAWK ပခုက္ကူခရိုင်တပ်ရင်း-၁၇ ခွဲ(၂)တပ်စု ၁+၂ တို့က ပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး N-YSO ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013