DVB Logo
Home
နိုင်ငံတကာ
ပြည်ပရောက် ပါကစ္စတန်ဝန်ကြီးချုပ် ဟောင်း နဝက်ဇ်ရှာရိဖ် နေရပ်ပြန်
DVB
·
October 22, 2023
ပြည်ပရောက် ပါကစ္စတန်ဝန်ကြီးချုပ် ဟောင်း နဝက်ဇ်ရှာရိဖ် နေရပ်ပြန်
Donate to DVB

ပါကစ္စတန်နိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ၃ ကြိမ်တိုင်တိုင် တာဝန်ယူခဲ့ဖူးတဲ့ နဝက်ဇ်ရှာရိဖ်ဟာ အောက်တိုဘာလ ၂၁ ရက်က ပြည်တွင်းကို ပြန်ရောက်လာပါတယ်။

မိမိဆန္ဒအလျောက် လန်ဒန်မြို့မှာ လေးနှစ်တာ နေထိုင်ခဲ့ပြီးနောက် ရှရိဖ်ရဲ့ပါတီက လာမယ့်နှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ စတင်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ဟောင်းရဲ့ ဇာတိမြို့ဖြစ်တဲ့ လာဟိုးမြို့မှာ လေယာဉ် ဆင်းသက်ခဲ့ပြီးနောက် အသက် ၇၃ နှစ်အရွယ် ဝါရင့်နိုင်ငံရေးသမားက ထောင်နဲ့ချီတဲ့ ထောက်ခံသူတွေကို မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ညပိုင်းအချိန် လူထုစုဝေးမှုအတွင်း ရှရိဖ်က မိမိနိုင်ငံကို အလုပ်အကျွေးပြုလိုပြီး သာယာဝပြောမှုကိုသာ မြင်တွေ့လိုကြောင်း ပြောကြားသွားပါတယ်။

အကျင့်ပျက်ခြစားမှုကြောင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံထားရတဲ့ ဒီဝန်ကြီးချုပ်ဟောင်းက ဆေးကုသမှုခံယူဖို့အတွက် လန်ဒန်မြို့ကို ၂၀၁၉ ခုနှစ်မှာ ထွက်ခွာခဲ့ပြီးနောက် တကြိမ်တခါမှ ပြန်လာတာမျိုး မရှိခဲ့ပါဘူး။

ရှရိဖ်အပေါ် စီရင်ချက်ချမှတ်ထားမှု ဆက်ရှိနေသေးပေမဲ့ လာမယ့်အင်္ဂါနေ့ တရားရုံးထုတ်မယ့်အချိန် မတိုင်ခင်အထိ ဖမ်းဆီးထားမျိုး မလုပ်ကြဖို့အတွက် အာဏာပိုင်တွေကို တရားရုံးတခုက တားမြစ်ထားပါတယ်။

အခုလို ပြစ်ဒဏ်ကျခံနေရချိန်မှာ ရှရိဖ်အနေနဲ့ အစိုးရရာထူးအတွက် ယှဉ်ပြိုင်ခွင့် မရှိတာကြောင့် သူရဲ့ တရားရေးအဖွဲ့က အယူခံဝင်ဖို့ စီစဉ်နေတယ်ဆိုပြီး မှတ်ချက်ပေးပါတယ်။

သူ့ရဲ့ပါတီကလည်း ရှရိဖ်ဟာ ၄ ကြိမ်မြောက် ဝန်ကြီးချုပ်ဖြစ်လာဖို့အတွက် ရည်ရွယ်ထားကြောင်း အတည်ပြုပါတယ်။

ဒါ့အပြင် ဂါဇာဒေသမှာ အစ္စရေးနိုင်ငံရဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ ဝန်းရံပိတ်ဆို့ထားမှုကို ရှရိဖ်က လူထုစုရုံးပွဲအတွင်း ရှုတ်ချပြောဆိုခဲ့ပါတယ်။

Source/Photo- Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013