DVB Logo
Home
မြန်မာသတင်း
မျက်မမြင် ကျောင်းသား/သူများကို  အွန်လိုင်းမှ အခမဲ့ပညာသင်ကြားပေးမည် 
DVB
·
October 22, 2023
မျက်မမြင် ကျောင်းသား/သူများကို  အွန်လိုင်းမှ အခမဲ့ပညာသင်ကြားပေးမည် 
Donate to DVB

မြန်မာနိုင်ငံမျက်မမြင်များအသင်းနဲ့ Strategy First University Extension  SFUx   တို့ပူးပေါင်းပြီး နိုင်ငံတဝန်းရှိ အမြင်အာရုံချို့တဲ့နေတဲ့ ကျောင်းသား/သူတွေကို အွန်လိုင်းစနစ်နဲ့ အခြေခံပညာ အခမဲ့သင်ကြားပေးမယ်လို့  မြန်မာနိုင်ငံမျက်မမြင်များအသင်းကနေ သိရပါတယ်။

အဲ့ဒီအွန်လိုင်းသင်ကြားမှုမှာ Waso Learn Application ကို အသုံးပြုပြီး သင်ကြားပေးမှာဖြစ်တဲ့အတွက် မျက်မမြင်ကျောင်းသားကျောင်းသူတွေနဲ့ မျက်မမြင်ဆရာ ဆရာမတွေ အတွက် များစွာအထောက်အကူဖြစ်လာနိုင်တယ်လို့  အသင်းတာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"အများအားဖြင့်တော့ ပုံမှန်လေ့လာနေကြ Record ဖမ်းတယ်။ ပြီးရင်အဲ့ဒီနားထောင်ထားတဲ့ အသံဖိုင်ကို မျက်မမြင်စာနဲ့ပြန် Noet ထုတ်ပြီးစာကျက်ရတာ။ Waso Learn မှာက ရှင်းပြထားတဲ့ သင်ခန်းစာတွေကို သူတို့ကြိုက်တဲ့အချိန် ပြန်ပြီးနားထောင်လို့ရအောင် အသံဖိုင်တွေလည်းပါတယ်။ အွန်လိုင်းရှိရုံနဲ့ မိမိတို့ကြိုက်တဲ့အချိန် လေ့လာနိုင်ပါတယ်။”

တနိုင်ငံလုံးရှိ မျက်မမြင်ကျောင်းသား/သူတွေနဲ့ ပြန်လည်သင်ကြားမယ့် ဆရာ/ဆရာမတွေအနေနဲ့  မိမိတို့လေ့လာလိုတဲ့ အတန်း (Grade  1 မှ Grade  12 အထိ)ကို နိုဝင်ဘာ ၄ ရက်နေ့ ညနေ ၄ နာရီ နာရီနောက်ဆုံးထားပြီး ပေးပို့လျှောက်ထားနိုင်​မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမျက်မမြင်များအသင်းကကြီးမှူးပြီး အွန်လိုင်းသင်ကြားမှုမှာ တတိယအကြိမ် ဖြစ်ကာ အမြင်အာရုံအားနည်းသူတွေ၊ တစိတ်တပိုင်း မြင်သူတွေနဲ့ လုံးဝမမြင်သူတွေလျှောက် ထားနိုင်တယ်လို့ သိရပါတယ်။

အသင်းရဲ့ အတွင်းရေးမှူးက " တက္ကသိုလ်ဝင်တန်းအဆင့်မှာက ၀ိပ္ပံနဲ့ သိပ္ပံတွဲပဲ သုံးကြတာ များတယ်။ ကျနော်တို့ မျက်မမြင်တွေမှာက ၀ိဇ္ဇာတွဲက မရှိပါဘူး။ အရင်ကဆိုရ် စိတ်ကြိုက်မြန်မာစာတွဲကို ဆယ်တန်းမှာယူကြတာများတယ်။ အခု စနစ်သစ်မှာတော့ အဲဒါက မရှိတော့ဘူးဆိုတော့ နည်းနည်းတော့အခက်ခဲရှိတာပေါ့။ ဆယ်တန်းအောင်မြင်ပြီးသား ကလေးတွေ၊ တက္ကသိုလ်တက်နေတဲ့ ကလေးတွေအတွက်လည်း စီးပွားရေးနဲ့ပတ်သက်တဲ့ အွန်လိုင်းက လေ့လာလို့ရတဲ့ဟာတွေကို ပေးထားတာလည်းရှိပါတယ်။ တချို့စီးပွားရေးနဲ့ ပတ်သက်တဲ့ သင်တန်းမှာ ဒီပလိုမာရသွားတဲ့ ကလေးတွေလည်းရှိပါတယ်" လို့  ပြောပါတယ်။

လက်ရှိမှာ သင်တန်းတက်မယ့်သူတွေအနေနဲ့ စုံစမ်းနေကြဆဲဖြစ်ကာ တရားဝင စာရင်းသွင်းထားတာမရှိသေးကြောင်းနဲ့ ပြီးခဲ့တဲ့နှစ်ကြိမ်အထိ ခန့်မှန်းခြေ ဆရာနဲ့ ကျောင်းသားပေါင်း ၂၀ ဝန်းကျင် သင်ကြားခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013