DVB Logo
Home
နိုင်ငံတကာ
နီပေါနိုင်ငံမြို့တော်တွင် ငလျင်လှုပ်
DVB
·
October 22, 2023
နီပေါနိုင်ငံမြို့တော်တွင် ငလျင်လှုပ်
Donate to DVB

နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူမှာ အောက်တိုဘာ ၂၂ရက်က အင်အား ၆ ဒသမ ၁ ရစ်ချ်တာ စကေးရှိ  ငလျင်လှုပ်တခုလှုပ်ခတ်သွားပါတယ်။

နီပေါ အမျိုးသားမြေငလျင်စောင့်ကြည့်လေ့လာရေး နဲ့ သုတသနစင်တာကတော့ ငလျင်ဗဟိုချက်ဟာ ဒါဒင်ခရိုင်မှာ ဖြစ်တယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။

ဒေသစံတော်ချိန် မနက် ၇ နာရီ ၃၉ မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ဘတ်ဂ်မာတီနဲ့ ဂန်ဒါကီပြည်နယ်ထဲက တခြားခရိုင်တွေမှာပါ တုန်ခါမှုကို ခံစားမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ လူသေဆုံးမှု ဒါမှမဟုတ် ပျက်စီးဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး သတင်းတစုံတရာ မရရှိသေးဘူးလို့ ဆိုပါတယ်။

ဒါကြောင့် နီပေါနိုင်ငံမှာ ငလျင်လှုပ်ခတ်မှုက အဖြစ်များလေ့ရှိတဲ့ သဘာဝဖြစ်စဉ်တခု ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက အင်အား ၇ ဒသမ ၈ အဆင့်ရှိတဲ့ မြေငလျင်နဲ့အတူ နောက်ဆက်တွဲ လှုပ်ခတ်မှုတွေကြောင့် လူပေါင်း ၉၀၀၀ ဝန်းကျင် သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် နီပေါနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငလျင်ဖြစ်ပွားမှုအများဆုံး ၁၁ နိုင်ငံမြောက် ဖြစ်တယ်လို့ အစိုးရအဖွဲ့ရဲ့  သဘာဝဘေးအလွန် လိုအပ်ချက်များ အကဲဖြတ်မှုဆိုင်ရာ PDNA အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013