
အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုအတွင်း ဟားမတ်စ်တွေဆီက ရရှိထားတဲ့ လက်နက်နဲ့ အထောက်အပံ့တွေ သိုလှောင်မှုအများအပြားကို အောက်တိုဘာ ၂၀ ရက်မှာ အစ္စရေးစစ်တပ်က ခင်းကျင်းပြသခဲ့ပါတယ်။
သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ ဟားမတ်စ်ရဲ့ လက်ပစ်ဗုံးတွေ၊ မြေမြှုပ်မိုင်းတွေနဲ့ ပုခုံးထမ်းပြီး ပစ်လွှတ်ရတဲ့ ဒုံးပျံပစ်လောင်ချာတွေလည်း ပါဝင်နေပါတယ်။
ခုခင်းကျင်းပြသထားတဲ့ လက်နက်တွေဟာ သိမ်းဆည်းရမိမှု စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းသာရှိပြီး ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေ ယူဆောင်လာတဲ့အထဲက ၇၀ ရာခိုင်နှုန်းကို သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
အစ္စရေးကို တိုက်ခိုက်ချိန်အတွင်း သူတို့လက်နက်တွေရဲ့ ၃၀ ရာခိုင်နှုန်းသာ အသုံးပြုနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်ရဲ့ ဖောက်ခွဲရေးအမြောက်တပ်ဖွဲ့မှ ဗိုလ်မှူးဂျီက ပြောပါတယ်။
“သူတို့က ဖောက်ခွဲရေးပစ္စည်းတွေ သုံးတယ်၊ ဒုံးကျည်တွေ သုံးတယ်၊ RPG ဒုံးကျည်တွေ၊ မိုင်းတွေကိုသုံးတယ်။ အဲဒါတွေကြောင့် ကျနော်တို့ရွာမှာ အခန်း ၁၀ ခန်း မီးလောင်ခဲ့တာမှာ အခန်းတွေနဲ့ အဆောက်အအုံတွေ အကုန်ပျက်စီးသွားပြီး အရှင်လတ်လတ် မီးလောင်ခံ သွားရတာတွေ တွေ့ခဲ့ရတယ်။ အမျိုးသမီးနဲ့ကလေးတွေ အလောင်းတွေ မီးထဲပါသွားတယ်။ သူတို့မှာ ခြံစည်းရိုးကို ချိုးဖျက်ဖို့လို့ ယူဆရတဲ့ ဖြတ်ညှပ်လို့ရတဲ့ ကိရိယာတွေနဲ့ ကျနော်တို့ရဲ့ တင့်ကားတွေပေါ် ပစ်ဖို့လို့ထင်ရတဲ့ ဒုံးကျည်တွေလည်း ရှိပြီးတော့ သူတို့မှာ ကျနော်တို့ရဲ့ တင့်ကားတွေနဲ့ ကိုယ်ပိုင်ကားတွေကို ဗုံးကြဲဖို့အတွက် သံလိုက်ဖောက်ခွဲရေး ပစ္စည်းတွေလည်း ရှိတယ်။”
အစ္စရေးစစ်တပ်ဟာ ဟားမတ်စ်ရဲ့ မော်တော်ယာဉ်တွေထဲမှာ ဆေးဝါးနဲ့ ဆေးအကူ ပစ္စည်းကိရိယာတွေ၊ အစားအစာ အမြောက်အမြားကို တွေ့ရှိခဲ့တာကြောင့် ဟားမတ်စ်အဖွဲ့ဟာ 'ရေရှည်ပဋိပက္ခအတွက် ပြင်ဆင်ထားတာဖြစ်ကြောင်းလည်း သုံးသပ်ထားပါတယ်။
အစ္စရေးဟာ နယ်စပ်ကျော်ဖြတ်ပြီး သတ်ဖြတ်ပြန်ပေးဆွဲမှုတွေကို လုပ်ဆောင်သွားတဲ့ ဟားမတ်စ်တွေကို ချေမှုန်းဖို့ ရည်ရွယ်ထားတဲ့ ပါလက်စတိုင်းနယ်မြေမှာ မြေပြင်စစ်ပွဲအတွက် ပြင်ဆင်နေပါတယ်။
Source/Photo-Reuters










