DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း အွန်လိုင်းလိမ်လည်မှု ၃၀၀ ကျော် ဖမ်းမိ
DVB
·
October 21, 2023
စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း အွန်လိုင်းလိမ်လည်မှု ၃၀၀ ကျော် ဖမ်းမိ
1 / 2
Donate to DVB

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကျေယ်ကာလအတွင်း အွန်လိုင်းလိမ်လည်မှု ၃၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၆ ရက်အထိ မြန်မာနိုင်ငံတဝန်း အွန်လိုင်းလိမ်လည်မှု ၃၆၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာရှိနဲ့ နီးစပ်သူက ဒီဗွီဘီ ကို ပြောပါတယ်။

"၂၀၂၁ မှာ ၇၃ မှု၊ ၂၀၂၂ ခုနှစ်မှာ ၁၃၆ မှု၊  ၂၀၂၃ မှာ ၁၅၁ မှုရှိတယ်၊ စုစုပေါင်း ၃၆၀ ရှိတယ်။ အရင်နှစ်တွေကလည်း အွန်လိုင်းလိမ်လည်မှုတွေကို ဖမ်းတယ်။" 

အွန်လိုင်းကတဆင့် လောင်းကစားလုပ်ငန်း၊ ကံစမ်းမဲဖောက်လုပ်ငန်း၊ တရားမဝင်ချေးငွေလုပ်ငန်း လုပ်ကိုင်သူတွေ စတဲ့ ငွေကြေးလိမ်လည်သူတွေကို NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်က စတင်ပြုလုပ်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာနက သိရပါတယ်။

အွန်လိုင်းလူမှုကွန်ရက်ကို အသုံးပြုတဲ့ ဆိုက်ဘာမှုခင်းတွေကို NLD အစိုးရနဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ပူးပေါင်းကာ ၂၀၁၉ ခုနှစ်မှာ စတင်ဖော်ထုတ်ခဲရာ ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ ၂၃၈ မှုကို အရေးယူနိူင်ခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်က ​မြန်မာနိုင်ငံ​မြောက်ပိုင်းရှိ အွန်လိုင်းငွေကြေးလိမ်လည်သူ တရုတ်နိုင်ငံသား ၂၃၁၇ ဦး ရဲတပ်ဖွဲ့က တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013