DVB Logo
Home
နိုင်ငံတကာ
ရုရှားဥပဒေကို ချိုးဖောက်သည့် ရုရှား-အမေရိကန်သတင်းထောက် ဖမ်းဆီးခံရ
DVB
·
October 21, 2023
ရုရှားဥပဒေကို ချိုးဖောက်သည့် ရုရှား-အမေရိကန်သတင်းထောက် ဖမ်းဆီးခံရ
Donate to DVB

ရုရှား-အမေရိကန် သတင်းထောက် အလ်ဆူး ကူရ်မာရှီဗာကို နိုင်ငံခြားအေးဂျင့်တွေနဲ့ပတ်သက်တဲ့ ရုရှားဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံရတဲ့အမှုကို အောက်တိုဘာ ၂၀ ရက်မှာ  ချုပ်နှောင်ခွင့် ၇၂ နာရီ သက်တမ်းတိုးခဲ့ကြောင်း တရားရုံးရှိ ရိုက်တာသတင်းထောက်တဦးက ပြောကြားခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူး မစ်လာကတော့ ဒီဖမ်းဆီးမှု နဲ့ပတ်သက်ပြီး ရုရှားအစိုးရက တရားဝင်အကြောင်းကြားခြင်း မရှိသေးပေမဲ့ ဒါဟာ ရုရှားအစိုးရက မေလကတည်းက ခြေရာခံထားတဲ့ အမှုဖြစ်ပြီး သူမရဲ့ပတ်စပို့တွေကို သိမ်းဆည်းပြီး နိုင်ငံကနေ ထွက်ခွာဖို့ တားဆီးခဲ့ကြောင်း အောက်တိုဘာ ၁၉ ရက်မှာ မှတ်ချက်ပေးထားပါတယ်။ 

ဒါက ရုရှားအစိုးရဟာ အမေရိကန်နိုင်ငံသားတွေကို နှောင့်ယှက်တဲ့ နောက်ထပ်ဖြစ်ရပ်တခု ဖြစ်ပုံရတယ်လို့လည်း ဆိုပါတယ်။ 

ဒါကြောင့် အဆင့် ၄ ခရီးသွား သတိပေးချက်ကို ဆက်လက်လုပ်ဆောင်နေပြီး အမေရိကန် နိုင်ငံသားအားလုံးကိုလည်း ရုရှားနိုင်ငံကို ဘာအကြောင်းကြောင့်နဲ့မှ ခရီးမသွားစေဖို့ တိုက်တွန်း ကြောင်း မတ်မစ်လာက ပြောပါတယ်။ 

ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ ရုရှားအစိုးရဟာ အမေရိကန် နိုင်ငံသားတွေကို နှိပ်စက်ညှဉ်းပန်းဖို့ ပစ်မှတ်ထား လှုပ်ရှားမှုကို လုပ်ဆောင်နေခြင်း မဟုတ်ဘဲ ရုရှားရဲ့ တရားဥပဒေကို မလိုက်နာရင် ဥပဒေချိုးဖောက်တဲ့ အမေရိကန်နိုင်ငံသားတွေကို ဥပဒေအတိုင်း လိုက်နာခိုင်းရုံပဲဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

ကူရ်မာရှီဗာဟာ အမေရိကန်ကွန်ဂရက်မှ ငွေကြေးထောက်ပံ့ထားတဲ့ လွတ်လပ်သော ဥရောပအသံ/ ရေဒီယို လစ်ဘာတီ (RFE/RL) အတွက် ပရာ့ဂ်အခြေစိုက် သတင်းထောက်တဦးဖြစ်ပါတယ်။

ရုရှားကတော့ နိုင်ငံရေးလို့ ယူဆရတဲ့ လုပ်ဆောင်မှုအတွက် နိုင်ငံခြားက ထောက်ပံ့ငွေတွေ ရတယ် ဆိုပြီး "နိုင်ငံခြားအေးဂျင့်" အဖြစ် သတ်မှတ်ထားပါတယ်။ 

ကူရ်မာရှီဗာဟာ ရုရှားစစ်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းနေကြောင်း တာတာပြန်ကြားရေး သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013