DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့နှင့် စလင်းမြို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ
DVB
·
October 21, 2023
တနင်္သာရီမြို့နှင့် စလင်းမြို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ
Donate to DVB

တနင်္သာရီတိုင်း၊ တနင်္သာမြို့နယ်နဲ့ မကွေးတိုင်း၊ စလင်းမြို့နယ်တို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး အနည်းဆုံး ၂ ယောက် သေဆုံး ခဲ့တယ်လို့  ဒေသခံပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အောက်တိုဘာ ၂ဝ ရက် မနက် ၅ နာရီလောက်မှာ တနင်္သာမြို့နယ်၊ တုံးဗျောငယ် ရွာမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေကို သွားရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ PDF အဖွဲ့ဝင်တယောက်က ပြောပါတယ်။

“တုံးဗျော ပျူစောထီးတွေနဲ့ စကစတွေရှိရာကို အရင် ပူးပေါင်းအဖွဲ့တွေက သွားပစ်တာပါ။ လောလောဆယ်မှာ ‌စကစဘက်က ထိခိုက်သေဆုံး ရှိ၊ မရှိ‌တော့ မသိရသေးဘူး” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း တိုက်ပွဲဖြစ်ပွားတဲ့‌နေရာကို ကြေးနန်းတိုင်ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတယောက် “လက်နက်ကျသံက (မနက်)၅ ခွဲလောက်တည်းက ကြားရတာ။ လက်နက်ကြီးက ၂ နေရာပစ်တာ၊ တုံးဗျောငယ်ကရော ၈ဝ လောက်ရှိတယ် ပစ်လိုက်တာ” လို့ ပြောပါတယ်။

အဲဒီ တိုက်ခိုက်ဟာ ၁ နာရီလောက်ကြာပြီး နှစ်ဖက် ထိခိုက်ကျဆုံးသူ ရှိ၊ မရှိကိုတော့ အတိအကျ မသိရသေးဘဲ KNU တပ်ရင်း-၇၊ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ ခွပ်ဒေါင်းတမန်နဲ့ တောင်ပိုင်းသူရဲကောင်းများ ကာကွယ်‌ရေးအင်အားစု (SWDF) တို့ကနေ သွားရောက်တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်ကလည်း တနင်္သာရီမြို့မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်အနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသတွင်းပူးပေါင်းတပ်ဖွဲ့တွေကနေ သွားရောက် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်မှာတော့ အောက်တိုဘာ ၁၈ ရက် မနက်က ငလှိုင်တွင်း ရေနံမှော် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံး၊ ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း-၁ စလင်း-PDF ဆီကနေ သိရပါတယ်။

ငလှိုင်တွင်းရွာ ရေနံမှော်မှာ အင်အား ၆၀ လောက်နဲ့ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို အောက်တိုဘာ ၁၈ ရက် မနက် ၉ နာရီလောက်မှာ ပြောက်ကျားစနစ်နဲ့ လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ စလင်း-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဘက်က ဝင်တိုက်တဲ့အချိန်မှာ စစ်ကောင်စီတပ်သား အများအပြား ထွက်ပြေးကြပြီး ၂ ယောက် သေဆုံးကာ ၇ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ရမ်းကား ပစ်ခတ်ပေမဲ့ ကျနော်တို့ဘက်ကရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်း ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013