
၂၀၂၆ ခုနှစ် ဩဂုတ်လ တလတာအတွင်း နိုင်ငံတဝန်းမှာ စစ်အာဏာရှင်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ ၁၅၂ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
အဲဒီအထဲက ၉၄ ယောက်ကို AAPP က နာမည်နဲ့တကွ အတည်ပြုထားနိုင်ပြီး ၅၈ ယောက်ကိုတော့ အတည်ပြုဖို့ လိုနေသေးတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
သေဆုံးသူတွေထဲမှာ ၇ ယောက်ဟာ စစ်တပ်က ဖမ်းဆီးခံရပြီးနောက်ပိုင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဩဂုတ်လ တလတာအတွင်း နိုင်ငံရေးအရ ဖမ်းဆီးခံရသူ ၁၄ ယောက် ရှိတယ်လို့လည်း AAPP ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်အာဏာရှင်တပ်ဟာ လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်မှုတွေ ပြုလုပ်နေတဲ့အတွက် ပြည်သူတွေ သေဆုံးရသလို ထောင်တွင်း ဆေးဝါးကုသခွင့် မလုံလောက်လို့ သေဆုံးမှုတွေလည်း ရှိနေတယ်လို့ AAPP က ဆိုပါတယ်။











