DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် မြန်မာအမျိုးသမီး ၁ ဦး ရထားကြိတ်ခံရပြီး သေဆုံး 
DVB
·
October 20, 2023
ချင်းမိုင်တွင် မြန်မာအမျိုးသမီး ၁ ဦး ရထားကြိတ်ခံရပြီး သေဆုံး 
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဆာရဖီးမြို့နယ်ထဲမှာ အောက်တိုဘာ ၂၀ ရက် ဒီနေ့မနက်က မြန်မာအမျိုးသမီးတယောက် ရထားကြိတ်ခံရပြီး သေဆုံးသွားတယ်လို့  ချင်းမိုင်နယူးစ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဆာရဖီးမြို့နယ် ဆာရဖီးရပ်ကွက် နယ်မြေ ၁၀ ဘန့်ပတ်ကောင့်ရွာအနီး ရထားသံလမ်းမှာ ဒီကနေ့မနက် ၉ နာရီလောက်က အမျိုးသမီးတယောက် ရထားတိုက်ခံရတယ်လို့ အကြောင်းကြားချက်ရတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့ လူနာတင်ကားနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆာရဖီးမြို့နယ်ရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ ခန္ဓာကျိုးပြတ်ပြီး သေဆုံးနေတဲ့ အမျိုးသမီးအလောင်းကို တွေ့ရှိရပြီး  လူနာတင်ကားက သူမအလောင်းကို ဆာရဖီးဆေးရုံ ပို့ပေးခဲ့တယ်၊ သေဆုံးသူမှာ အသက် ၂၇ နှစ်အရွယ်ရှိ နန်းဆောင်အေး ဆိုသူ မြန်မာရွှေ့ပြောင်းလုပ်သားအမျိုးသမီး ဖြစ်တယ်လို့ ဆိုပါတယ်။

မီးရထားဆိုင်ရာ တာဝန်ရှိသူ ပြောပြချက်အရ အဆိုပါအမျိုးသမီးဟာ ရထားခုတ်မောင်းစဉ် ရုတ်တရက် ရထားလမ်းဘေး တောစပ်ထဲက ထွက်လာပြီး ရထားသံလမ်း အလယ်ကောင်မှာ တမင်လာရပ်နေကြောင်း၊ နီးကပ်လွန်းတဲ့အတွက် ရထားအရှိန်မသတ်နိုင်တော့ဘဲ တိုက်မိတာလို့ ဆိုပါတယ်။

လမ်းပွန်းမြို့နယ်မှာ အလုပ်လုပ်နေတဲ့ သေဆုံးသူရဲ့ဆွေမျိုး ပြောပြချက်အရ သူမဟာ မိသားစုဝင်တွေနဲ့  စကားများ ရန်ဖြစ်တာ မရှိဘဲ အကြွေးတွေပိလို့ စိတ်ဖိစီးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

တာဝန်ရှိသူတွေကတော့ ဖြစ်ရပ်မှန်ကို ဆက်လက်စုံစမ်းပြီး လိုအပ်သလို အရေးယူသွားမယ်လို့ ပြောသွားပါတယ်။

ကိုးကား - chiangmainews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013