DVB Logo
Home
နိုင်ငံတကာ
ဘရာဇီး ထောက်လှမ်းရေးအကြီးအကဲဟောင်းကို အမေရိကန် ဖမ်းဆီး
DVB
·
April 14, 2026
Photo: REUTERS/Adriano Machado
Photo: REUTERS/Adriano Machado
Donate to DVB

ဘရာဇီးလ် သမ္မတဟောင်း ဂျိုင်းရ်ဘော်လ်ဆိုနာရိုနဲ့အတူ အာဏာသိမ်းရန် ကြံစည်မှုအတွက် ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် စက်တင်ဘာလမှာ ဘရာဇီးလ်ကနေ ထွက်ပြေးလာခဲ့တဲ့ ဘရာဇီး ထောက်လှမ်းရေး အကြီးအကဲဟောင်း အလက်ရှန်းဒရီးဟာမာဂျန်ကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန (ICE)က ဖမ်းဆီးလိုက်ပြီလို့ ဧပြီ ၁၃ ရက်မှာ ကြေညာခဲ့ ပါတယ်။

ဖက်ဒရယ်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးဟောင်းလည်းဖြစ်တဲ့ ဟာမာဂျန်ကို ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ လက်ဝဲဝါဒီခေါင်းဆောင် လူးဝစ္စအင်နာစီယိုလူလာဒါဆေးလ်ဗားက ဘော်လ်ဆိုနာရိုကို အနိုင်ရခဲ့တာကို ပယ်ဖျက်ဖို့ ကြံစည်မှုမှာ ပါဝင်ပတ်သက်မှုအတွက် ထောင်ဒဏ် ၁၆ နှစ်ကျော် ချမှတ်ခဲ့ပါတယ်။

ဟာမာဂျန်ရဲ့ ရှေ့နေတွေက မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။ ဟာမာဂျန် ကတော့ သူ့မှာ အပြစ်မရှိကြောင်း အမြဲတမ်း အခိုင်အမာ ပြောဆိုထားပါတယ်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန (ICE) က ဟာမာဂျန် ကို ဖမ်းဆီးထားကြောင်းသာ အတည်ပြုပေမဲ့ တခြားအသေးစိတ် အချက်အလက်တွေကို မဖော်ပြခဲ့သလို မေးမြန်းမှုတွေကိုလည်း ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။ 

ဒါအတူ ဟာမာဂျန်ကို ဖမ်းဆီးရတဲ့ အကြောင်းရင်း အတိအကျနဲ့ ဘရာဇီးဘက်က ပြန်လည်လွှဲ ပြောင်းပေးဖို့ တောင်းဆိုမှုနဲ့ ဆက်စပ်မှု ရှိ၊ မရှိကို သီးခြား အတည်မပြုနိုင်သေးကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ 

Source: Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013