DVB Logo
Home
မြန်မာသတင်း
ဝိုင်းမော်တွင် ဆောက်လုပ်ရေးပစ္စည်းတင်ကား တိမ်းမှောက်ပြီး ၅ ဦးထက်မနည်းသေဆုံး
DVB
·
October 20, 2023
ဝိုင်းမော်တွင် ဆောက်လုပ်ရေးပစ္စည်းတင်ကား တိမ်းမှောက်ပြီး ၅ ဦးထက်မနည်းသေဆုံး
Donate to DVB

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ အောက်တိုဘာ ၁၉ ရက် နေ့လယ်ပိုင်းက မော်တော်ယာဉ်တစီး တိမ်းမှောက်ပြီး ငါးဦးထက်မနည်း သေဆုံးကာ အ‌ယောက် ၂၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝိုင်းမော်-ချီဖွေ လမ်းမကြီးပေါ်မှာ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ တင်ဆောင်လာပြီး အမျိုးသား အမျိုးသမီး အ‌ေယာက် ၃၀ ထက်မနည်း တင်ဆောင်လာတဲ့ မော်တော်ယာဉ်ဟာ ရှငေါ်ကျေးရွာအနီး တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူ အမျိုးသားတဦးက “နေ့လယ် ၁၂ နာရီလောက်က ဆောက်လုပ်ရေးပစ္စည်းတင်လာတဲ့ကား မှောက်တာ။ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ လူက ၃၀ ကျော်လောက် ပါလာတယ်။ အဲ့ဒါ ရှငေါ်ကျေးရွာ လမ်းအကွေ့နားမှာ မှောက်တာ။ အခုလက်ရှိကတော့ ၅ ဦးက သေသွားပြီ။ အယောက် ၂၀ လောက်ကလည်း ထိခိုက်ဒဏ်ရာရတယ်။ တချို့သူတွေဆို ကားအောက်ပိနေတာ အတော် ခက်ခက်ခဲခဲ ဆွဲထုတ်ရတယ်” လို့ ပြောပါတယ်။

ဆောက်လုပ်ရေးပစ္စည်းတင်ဆောင်လာတဲ့ မော်တော်ယာဉ် တိမ်းမှောက်ခဲ့လို့ အမျိုးသား ၅ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ဒဏ်ရာပြင်းထန်သူ ၁၀ ဦးထက်မနည်းကို မြစ်ကြီးနားဆေးရုံ ပို့ဆောင်ခဲ့ကြပါတယ်။

မော်တော်ယာဉ်တိမ်းမှောက်ခဲ့လို့ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ လိပ်စာနဲ့ အမည် အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

photo-မွန်မြတ်စေတနာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013