DVB Logo
Home
နိုင်ငံတကာ
အမေရိကန်၏ B-52 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် တောင်ကိုရီးယားရောက် 
DVB
·
October 20, 2023
အမေရိကန်၏ B-52 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် တောင်ကိုရီးယားရောက် 
Donate to DVB

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကြားမှာ အမေရိကန်ရဲ့ B-52 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တစီးကို  တောင်ကိုရီးယားနိုင်ငံ ချောင်းဂျူးမှာရှိတဲ့ လေတပ်အခြေစိုက်စခန်းမှာ အောက်တိုဘာ ၁၉ ရက်က မြင်တွေ့ရပါတယ်။

အမေရိကန်ရဲ့ အမှတ် ၉၆ ဗုံးကြဲ လေယာဉ်အုပ် တပ်မှူး ဗိုလ်ကြီး ဆာဘင် ပါတ်ခ်က “ကျနော်တို့မှာ ဗျူဟာမြောက် တိုက်ခိုက်မှု၊ လေကြောင်း တားဆီးရေး၊ အနီးကပ် လေကြောင်း ထောက်ပံ့မှု အစရှိတဲ့ စစ်ဆင်ရေး အစုံရှိပါတယ်။ နျူကလီးယားလုပ်ငန်းကိုလည်း ပံ့ပိုးပေးမှာပါ။ ကျနော်တို့က အရမ်းလိုက်လျောညီထွေ ရှိတယ်။ B-52 ရဲ့ ထူးခြားတဲ့အချက်က မတူညီတဲ့ မစ်ရှင်အစုံကို ပံ့ပိုးပေးနိုင်တဲ့အချက်လို့ထင်ပါတယ်” လို့ ပြောပါတယ်။

အောက်တိုဘာ ၁၇ ရက်က ကျင်းပတဲ့ တောင်ကိုရီးယား ကာကွယ်ရေးပြပွဲမှာ အမေရိကန်ရဲ့ နျူကလီးယားဗုံးကို သယ်ဆောင်နိုင်တဲ့  B-52 ဗုံးကြဲ လေယာဉ်က ရှားရှားပါးပါး ပျံသန်းပြခဲ့ပါတယ်။

တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့ဟာ အောက်တိုဘာ ၂၂ ရက်မှာ B-52 ဗုံးကြဲလေယာဉ်ပါမယ့် ပူးတွဲလေကြောင်းလေ့ကျင့်မှုကို ကိုရီးယားကျွန်းဆွယ်နားမှာ လုပ်ဖို့ မျှော်လင့်ထားတယ်လို့ ကိုရီးယားယုံဟပ် သတင်းဌာနက ဖော်ပြပါတယ်။

ဒီလေကြောင်း လေ့ကျင့်မှု အသေးစိတ်ကို အတည်ပြုဖို့ ဒါမှမဟုတ် မှတ်ချက်ပေးဖို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူ တစ်ဦးက ငြင်းဆိုပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013