DVB Logo
Home
အားကစား
ဘယ်လ်ဂျီယံနှင့် ဆွီဒင်ပွဲစဉ်ကို ပြန်ကစားခွင့်မပြုဘဲ  ၁ ဂိုးစီသရေရလဒ် သတ်မှတ်
DVB
·
October 20, 2023
ဘယ်လ်ဂျီယံနှင့် ဆွီဒင်ပွဲစဉ်ကို ပြန်ကစားခွင့်မပြုဘဲ  ၁ ဂိုးစီသရေရလဒ် သတ်မှတ်
Donate to DVB

ဘယ်လ်ဂျီယံနဲ့ ဆွီဒင်အသင်းတို့ရဲ့ ယူရိုခြေစစ်ပွဲစဉ်ကို ပြန်ကစားခွင့်ပြုမှာမဟုတ်ဘဲ ပွဲရပ်နားချိန်က ရလဒ်ဖြစ်တဲ့ တစ်ဂိုးစီသရေ ရလဒ်သာ သတ်မှတ်ကြောင်း ဖီဖာက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၁၇ ရက်က ဘရက်ဆဲလ်မှာ ကစားခဲ့တဲ့ အဲဒီပွဲစဉ်မတိုင်ခင် ဆွီဒင်ပရိသတ်နှစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တာကြောင့် ပထမပိုင်းကစားအပြီးမှာ ပွဲကိုရပ်နားခဲ့တာပါ။ 

လက်ရှိအချိန်မှာ လုံခြုံရေးသတိပေးချက်တွေရှိနေတဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာ ကစားဖို့ အဆင်မပြေဖြစ်နေတာပါ။

ဒါကြောင့် အဲဒီပွဲစဉ်ကို ပြန်လည်ကစား ခွင့်ပေးတော့မှာ မဟုတ်ဘဲပွဲရပ်နားခဲ့စဉ်က ရလဒ်ဖြစ်တဲ့ တစ်ဂိုးစီ သရေရလဒ်အတိုင်းသာ သတ်မှတ်လိုက်တာပါ။

ဘယ်လ်ဂျီယံအသင်းဟာ ယူရိုခြေစစ်ပွဲအုပ်စုပွဲစဉ် ၆ပွဲ ကစားအပြီးမှာ ၅ ပွဲနိုင်၊ ၁ ပွဲသရေ ရလဒ်နဲ့ အဆင့်တစ်နေရာမှာ ဦးဆောင်တာပါ။

ဆွီဒင်ကတော့ ပွဲစဉ် ၅ ပွဲ အပြီးမှာ ၆ မှတ်ပဲရရှိထားလို့ ယူရိုခြေစစ်ပွဲကနေ ထွက်ခွါခဲ့ရပြီ ဖြစ်ပါတယ်။ 

Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013