
တူရကီနိုင်ငံမှာရှိတဲ့ အစ္စရေးနိုင်ငံသားတွေ တူရကီနိုင်ငံကနေ ချက်ချင်းထွက်ခွာဖို့ အစ္စရေး အစိုးရက အမိန့်ပေးပြီးနောက် အောက်တိုဘာ ၁၈ ရက်မှာ ဘေးလွတ်ရာဆီ ထွက်ခွာခဲ့ကြပါတယ်။
ဂါဇာကမ်းမြောင်မှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ စစ်ပွဲအတွင်း လူသေဆုံးမှု အများဆုံးဖြစ်ခဲ့တဲ့ ဆေးရုံပေါက်ကွဲမှု ဖြစ်ပြီးတဲ့နောက် တူရကီနိုင်ငံတဝိုက်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
အောက်တိုဘာ ၁၇ ရက် နှောင်းပိုင်းမှာ လူထောင်ပေါင်းများစွာက အစ္စတန်ဘူလ်မြို့မှာရှိတဲ့ အစ္စရေးကောင်စစ်ဝန်ရုံး အပြင်ဘက်မှာ တပ်စွဲထားပြီး ကောင်စစ်ဝန်ရုံးဝင်းအတွင်းကို အတင်းဝင်ဖို့ ကြိုးပမ်းခဲ့ကြလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တပ်ချထားရပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ပြုပြင်သန့်ရှင်းရေးလုပ်နေတဲ့ ကောင်စစ်ဝန်ရုံးနားက မက်ဒေါ်နယ်ဆိုင်ရဲ့ ပြတင်းပေါက်တွေကိုလည်း ဖြိုဖျက်ခဲ့ကြပါတယ်။
မြို့တော် အန်ကာရာမှာလည်း ပါလက်စတိုင်းတွေကို ထောက်ခံကြောင်း ပြတဲ့ ချီတက်ပွဲအပြင် ဆေးရုံမှာ သေဆုံးသွားသူတွေအတွက် အထိမ်းအမှတ် ဈာပန ဆုတောင်းပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။
Source/Photo-Reuters











