DVB Logo
Home
မြန်မာသတင်း
ဗန်းမော်တွင် KIA အရာရှိဟောင်း မိသားစုကို စစ်တပ်က ဖမ်းဆီး​ပြီး နေအိမ်အား ဗုံးခွဲဖျက်ဆီး
DVB
·
October 19, 2023
ဗန်းမော်တွင် KIA အရာရှိဟောင်း မိသားစုကို စစ်တပ်က ဖမ်းဆီး​ပြီး နေအိမ်အား ဗုံးခွဲဖျက်ဆီး
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်ရှိ KIA အရာရှိဟောင်းရဲ့ မိသားစုတစုကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၇ ရက်မှာ ဖမ်းဆီးသွားပြီး နောက်တနေ့ ညမှာ နေအိမ်ကို ဗုံးခွဲဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ညောင်ပင်ရပ်ကွက်မှာ နေထိုင်သူတဦးက “ညနေ ကလေးတွေ ကျောင်းကြိုချိန်ကတည်းက လမ်းတွေပိတ်ထားလို့ တခုခုဖြစ်ပြီလို့ ထင့်နေတာ။ ညက အိမ်ကို ဖောက်ခွဲပစ်ကြတာ။ ရပ်နေတဲ့သူတောင် ‌မြောက်တက်သွားသလိုပဲ။ ဘေးပတ်ဝန်းကျင်အိမ်တွေတောင် ဖောက်ခွဲမယ်လို့ မသိလိုက်ဘူး” လို့ ပြောပါတယ်။

အခုဖောက်ခွဲခံရတဲ့ အိမ်ရှင်အမျိုးသားက ဦးဒရှီလဒွဲ ဖြစ်ပြီး သူဟာ  ကေအိုင်အေ အရာရှိဟောင်း ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတဦးက “အဲဒီအိမ်က နှစ်ထပ်တိုက် နှစ်ဆောင်ပြိုင်အိမ်ကြီး အိမ်ကောင်းလေ။ ဖမ်းသွားတဲ့​နောက်ရက် စစ်တပ်က အိမ်ထဲရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေ အကုန်သယ်ထုတ်တာ။ မီးခံသေတ္တာတွေက အစပေါ့။ တော်ရုံချိပ်ပိတ်ရုံလောက် ရရက်နဲ့ ဘယ်လိုစိတ်တွေနဲ့ လုပ်ကြသလဲမသိဘူး” လို့ သူကဆိုပါတယ်။

ဦးဒရှီလဒွဲ ဟာ ဒီရပ်ကွက်မှာနေတာ ကြာပြီဖြစ်ပြီး အဖမ်းခံရချိန်မှာ အမျိုးသမီးနဲ့ တူမတယောက်လည်း ပါသွားကာ မိသားစုတွေကို ဖမ်းဆီးသွားပြီးမှ နေအိမ်ကပစ္စည်းတွေ အကုန်သယ်ထုတ်ကာ အိမ်အခွံကို ဖောက်ခွဲလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

လတ်တလော ဦးဒရှီလဒွဲနဲ့ မိသားစုကို စစ်ကောင်စီတပ်က ဘယ်မှာ ဖမ်းဆီးထားတယ်၊ ဘာကြောင့် ဖမ်းဆီးတယ်၊ ဘာအမှုနဲ့ အရေးယူမယ်ဆိုတာကိုတော့အသေးစိတ် မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013