DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်မိသားစုပိုင် အောင်မြင့်မိုရ်မင်းကုမ္ပဏီ အပါအဝင် စစ်တပ်ထုတ်ကုန်အမျိုး ၃၀ ကို အမည်ပျက်စာရင်း ထပ်သွင်း
DVB
·
October 19, 2023
စစ်ခေါင်းဆောင်မိသားစုပိုင် အောင်မြင့်မိုရ်မင်းကုမ္ပဏီ အပါအဝင် စစ်တပ်ထုတ်ကုန်အမျိုး ၃၀ ကို အမည်ပျက်စာရင်း ထပ်သွင်း
Donate to DVB

စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီအပါအဝင် မြန်မာစစ်တပ်ပိုင် လုပ်ငန်းနဲ့ ထုတ်ကုန် အမျိုးအစား ၃၀ ကို ယူကေအခြေစိုက် ဘားမားကမ်ပိန်းအဖွဲ့က ထပ်မံပြီးတော့ အမည်ပျက်စာရင်းသွင်းလိုက်ပါတယ်။

စစ်သားတွေရဲ့ လစာတွေထဲက အသက်အာမခံကြေး ပုံမှန်ရယူနေတဲ့ အဆိုပါ အောင်မြင့် မိုရ်မင်းကုမ္ပဏီဟာ စစ်အုပ်စုပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) လက်အောက်ခံ လုပ်ငန်းတခုဖြစ်ပြီး အောင်ပြည့်စုံက ရှယ်ယာအများဆုံးထည့်ဝင်ထားခဲ့တာပါ။

ဒါ့အပြင် ခုလတ်တလော ဘားမားကမ်ပိန်းအဖွဲ့ရဲ့ ထပ်တိုးအမည်ပျက်စာရင်းသွင်းမှုတွေထဲမှာတော့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ရဲ့ ရာနှုန်းပြည့်ကုမ္ပဏီတခုဖြစ်တဲ့ ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်းကုမ္ပဏီအပါအဝင် ဥက္ကံသကြားစက်၊ အဓိပတိ လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးတို့အပါအဝင် စစ်အုပ်စုအာဘော် မြဝတီနဲ့ ငွေတာရီ စတဲ့ မဂ္ဂဇင်းတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုပိုင်နဲ့ ထိန်းချုပ်ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်အတွက် အရေးကြီးတဲ့ ၀င်ငွေ ရင်းမြစ်တွေဖြစ်ကာ သူတို့ဆီက ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ဝယ်ယူခြင်းက စစ်အုပ် စုရဲ့ ၀င်ငွေကို တိုးမြင့်စေပြီး ဒီငွေတွေကို သူတို့ရဲ့ စစ်ဆင်ရေးအတွက် ရန်ပုံငွေ၊ စစ်ရေး စွမ်းရည်ကို တည်ဆောက်ဖို့နဲ့ သူတို့ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အသုံးပြုနေကြတာ ဖြစ်ပါတယ်။

ဘားမားကမ်ပိန်းအဖွဲ့က အမည်ပျက်စာရင်းသွင်းထားတဲ့ အကြမ်းဖက်စစ်အုပ်စုပိုင် ဆက်စပ်စီးပွားရေးလုပ်ငန်းတွေထဲမှာ  ငွေကြေးနဲ့ ဘဏ်လုပ်ငန်း၊ စီးကရက်အမှတ်တံ ဆိပ်တွေ၊ အဝတ်အထည်တွေ၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ ဖျော်ဖြေရေးနဲ့ ခရီးသွားလုပ်ငန်း၊ စားသောက်ကုန်၊ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ထုတ်ကုန်တွေ၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဆေးရုံတွေ၊ စက်မှုဇုန်အိမ်ရာစီမံကိန်းတွေ၊ နိုင်ငံတကာ ကုန်သွယ်မှု၊ ထုတ်လုပ်ရေးလုပ်ငန်း၊ မီဒီယာ၊ လက်လီလုပ်ငန်းတွေ၊ ကုန်သွယ်မှုနဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေ စတဲ့ ကဏ္ဍတွေ အသီးသီးက လုပ်ငန်းတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

အခုနှစ် မတ်လတုန်းကလည်း စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းတခုဖြစ်တဲ့ ဂန္ဓမာ wholesale အပါအဝင် လုပ်ငန်း ၅ ခုကို  ဘားမားကမ်ပိန်းအဖွဲ့က အမည်ပျက်စာရင်းသွင်းခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013