DVB Logo
Home
မြန်မာသတင်း
ရွှေကူမြို့နယ်ထဲ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက် သိမ်းပိုက်
DVB
·
October 19, 2023
ရွှေကူမြို့နယ်ထဲ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက် သိမ်းပိုက်
Donate to DVB

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီး ငါးဘတ်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၁၈ ရက် မနက် ၆ နာရီခွဲလောက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KPDF တပ်ဖွဲ့ကနေ သိရပါတယ်။

တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ဗန်းမော်-ရွှေကူကားလမ်းမပေါ် ငါးဘတ်ကြီးရွာနားက စစ်ကောင်စီတပ်စခန်းဟာ ခမရ (၆၀၂) နဲ့ ခလရ ( ၅၆) ပူးပေါင်းထိုင်ထားတဲ့ တပ်စခန်းဖြစ်ပြီး စခန်းသိမ်းပိုက်ရရှိပြီးနောက် တပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့  ရွှေဂူမြို့နယ်ထဲက KPDF တပ်ဖွဲ့ဝင်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း မြို့ပေါ် တပ်စခန်းတွေက ငဘတ်ကြီးကျေးရွာဘက်ကို စစ်ကူမလာနိုင်အောင် ထိန်းထားနိုင်ခဲ့သလို တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို ကျောက်ကြီးဘက်နေ စစ်ကောင်စီ စစ်ကြောင်းတက်လာတာရှိတယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက်ရဲ့  အလောင်း တလောင်း ရရှိခဲ့ပြီး စစ်ကောင်စီတပ်သားတွေက ငါးဘတ်ကြီးတောင်ကျောင်းဘက်ကို စခန်းစွန့်ခွာ ထွက်ပြေးသွားပါတယ်။

KIAနဲ့ KPDF ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့  ထိခိုက်ကျဆုံးမှုမရှိဘဲ  စခန်းသိမ်းပြီးနောက်မှာ  စခန်းမှာ အထိုင်မထားတော့ဘဲ ပြန်လည် ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

စခန်းသိမ်းပိုက်ပြီးနောက် နေ့လယ်အချိန်မှာ ငါးဘတ်ကြီးရွာဘက်ကို မော်တော်ယာဉ်နဲ့ ရိက္ခာလာပို့တဲ့ စစ်ကောင်စီ ကားတစ်စီးကနေ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ ကားပေါ်မှာ RPG လက်နက်ကျည်၊ တခြားမောင်းပြန်ကျည်ဆန်နဲ့ ခဲယမ်း ရိက္ခာတွေ ပါဝင်တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် ရွှေကူမြို့ပေါ်မှာကော စစ်ကောင်စီတပ်သားတွေ လုံခြုံရေး တင်းကျပ်ထားပြီး မြို့ပတ်ဝန်းကျင်မှာ နေရာယူထားပါတယ်။

ငါးဘတ်ကြီးကျေးရွာအပါအဝင် ရွာ ၃ ရွာက ပြည်သူတွေလည်း ဘေးလွတ်ရာမြို့ပေါ်နဲ့ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ စခန်းသိမ်းတိုက်ပွဲကြောင့် ငါးဘတ်ကြီးကျေးရွာ အပါအဝင် ရွာ ၃ ရွာက အိမ်ထောင်စုပေါင်း ၄၀၀ လောက် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့အချိန် ရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် လူနေအိမ်တွေ ထိမှန်ခဲ့ပြီး နေအိမ် ၃ လုံးလောက် မီးလောင်ပျက်စီးသွားတယ်လို့  ဒေသခံရွာသားက ပြောပါတယ်။

လွန်ခဲ့တဲ့နှစ်ကလည်း ငါးဘတ်ကြီးရွာ ပတ်ဝန်းကျင်ကို စစ်ကောင်စီဘက်က စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013