DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်တွင်း တပ်သားသစ် အရောင်းအဝယ်ဈေးကွက်ကြီး ဖြစ်နေ 
DVB
·
October 18, 2023
စစ်ကောင်စီတပ်တွင်း တပ်သားသစ် အရောင်းအဝယ်ဈေးကွက်ကြီး ဖြစ်နေ 
Donate to DVB

စစ်ကောင်စီတပ်မှာ တပ်သားသစ်တွေ အလုအယက်ရှာဖွေ စုဆောင်းနေတာကြောင့် တပ်သားသစ် အရောင်းအဝယ် ဈေးကွက်ကြီးတခုဖြစ်နေတယ်လို့ CDM တပ်သားတွေက ဒီဗွီဘီကို ပြောပါတယ်။  

စစ်ကောင်စီတပ်က အရာရှိငယ်တွေ ရာထူးတက်ဖို့ နေရာကောင်းရဖို့တွေက စစ်သားသစ် ဘယ်နှယောက် ရှာဖွေပေးနိုင်တယ်ဆိုတဲ့အပေါ်မှာ  မူတည်နေတယ်လို့ သိရပါတယ်။

စစ်တပ်ထဲမှာ ပုံမှန်ခွဲတန်းအနေနဲ့ တလကို တပ်သားသစ် ဘယ်နှယောက် ရှာပေးရမယ်ဆိုပြီး  သတ်မှတ်ချက်ရှိသလို ရာထူးတက်ဖို့ အတွက်လည်း တပ်သားသစ်လိုအပ်တာကြောင့် စုဆောင်းရေးတပ်တွေမှာ လက်ရှိပေါက်ဈေးအတိုင်း တပ်သားသစ်တွေ ဝယ်ယူ စုဆောင်းရတာ ဖြစ်ပါတယ်။

လက်ရှိ ပေါက်ဈေးက စစ်သားသစ်တယောက်ကို ကျပ်  ၁၀ သိန်းအထိရှိပြီး အဲဒီလို ဝယ်ယူရာမှာ ၁၀ တန်းအောင် ဘွဲ့ရနဲ့ သာမန်အတန်းပညာမတတ်သူဆိုတဲ့အပေါ်မှာမူတည်ပြီး ဈေးနှုန်း ကွာခြားချက်ရှိတယ်လို့  CDM ဗိုလ်ကြီး တယောက်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ တပ်သားသစ်တွေကို သင်တန်းပေးတဲ့နေရာ ၁၃ နေရာရှိပြီး၊ သင်တန်း အပတ်စဉ်တခုကို တပ်သားသစ် ၁၅၀ လောက် သင်တန်းဆင်းနိုင်တာဖြစ်လို့ တနှစ်ကို အနည်းဆုံး သင်တန်း ၃ ခု ကနေ ၄ ခု အထိ ဆင်းနိုင်ပါတယ်၊၊ 

အဲ့ဒီတပ်သားသစ်တွေရဖို့ ငွေကျပ် ၁၀ သိန်း၊ ဆီတပုံး ၊ ဆန်တအိပ်အထိပေးပြီး စုဆောင်းနေကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလက လွတ်မြောက်လာဒေသတခုကို ရောက်ရှိလာတဲ့ CDM  တပ်သားတယောက်က ပြောပါတယ်။

ပဲခူးတိုင်း သာယာ၀တီခရိုင်မှာတော့  တမြို့နယ်ကို ၅ ယောက်နှုန်းနဲ့ မြို့နယ် ၈ ခုအတွက် တလကို တပ်သားသစ် အယောက် ၄၀ ရှာပေးနေရပါတယ်၊၊

ဒီအတွက် တပ်သားတယောက်ကို အနည်းဆုံးကျပ်  ၂ သိန်းကနေ ၃ သိန်းအထိ ပေးပြီးခေါ်ရတာ၊ ကိုယ်မြို့ကိုယ်ရွာကိုပဲ စောင့်ရှောက်ရမှာဆိုပြီး  လိမ်လည်ခေါ်ဆိုနေတာတွေလည်း ရှိနေပါတယ်လို့ သာယာ၀တီမြို့နယ်အုပ်ချုပ်ရေးမှူး အဖွဲ့၀င်ထံက သိရပါတယ်။

စစ်သားသစ်တွေ မပြတ်ရေးအတွက် အခကြေးငွေပေးဝယ်ယူရတာ၊ ခြိမ်းခြောက်ခေါ်ယူတာ ၊ အာဏာပြပြီး ဆုဆောင်းတာစတဲ့ နည်းလမ်းအမျိုးမျိုးသုံးပြီး ပြုလုပ်လုပ်နေတာပါ။

တဖက်မှာလည်း ရှေ့တန်းကို ရိက္ခာမပို့နိုင်တာ၊ ရှေ့တန်းမှာ လိုအပ်နေတဲ့ လက်နက်ခဲယမ်း ပို့မပေးတာကြောင့် အစုအလိုက်အပြုံလိုက်ထွက်ပြေးသူတွေ၊ CDM လုပ်သွားသူတွေလည်း များစွာရှိနေတယ်လို့ CDM စစ်သားတွေဆီကသိရပါတယ်။

စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကြာကာလအတွင်း စစ်ကောင်စီတပ်က အရာရှိစစ်သည်တွေ သောင်းနဲ့ချီ သေဆုံး ဒဏ်ရာရခဲ့ကြသလို  CDM ပြုလုပ် ပြည်သူ့ရင်ခွင်ဝင်ရောက်လာတဲ့  ရဲနဲ့ တပ်သားအရေအတွက် စုစုပေါင်း ၁၄၀၀၀ ကျော်ရှိပြီလို့  ပြည်သူ့ရင်ခွင်အဖွဲ့အစည်းဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013