DVB Logo
Home
မြန်မာသတင်း
စစ်တပ် ပစ်ခတ်မှုကြောင့်ကျဆုံးသွားသည့် ပြည်သူများအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲ ကျင်းပ (ဓာတ်ပုံ) 
DVB
·
October 18, 2023
စစ်တပ် ပစ်ခတ်မှုကြောင့်ကျဆုံးသွားသည့် ပြည်သူများအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲ ကျင်းပ (ဓာတ်ပုံ) 
1 / 6
Donate to DVB

စစ်ကောင်စီတပ်ရဲ့ လေယာဉ်တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့ကြရတဲ့ အရပ်သား ပြည်သူတွေအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို  မြဝတီမြို့တဖက်ကမ်း ထိုင်း နယ်စပ်တနေရာမှ  အောက်တိုဘာ ၁၈  ရက်က ကျင်းပပါတယ်။ 

အာဏာသိမ်းစစ်တပ်ဟာ မြန်မာပြည်တဝန်းမှာ စာသင်ကျောင်း၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဆေးရုံတွေအပါဝင် အရပ်သားပစ်မှတ်တွေကို မကြာခဏ တိုက်လေယာဉ်တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ မကြာခဏ သေဆုံးနေကြရတာပါ။

ဒီလို အပြစ်မဲ့ သေဆုံးနေကြရသူတွေအတွက် ရည်ရွယ်ပြီး အခုလို ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ပြုလုပ်ခဲ့ကြတာလို့ နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက် ဦးဆောင် ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ဝယ်ထားတဲ့ တိုက်လေယာဉ်တွေ အမြောက်လက်နက်ကြီးတွေနဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ရဟန်းသံဃာတွေ အပါအဝင် ပြည်သူတွေကို ပြန်သတ်နေတာလို့လည်း WLC အမျိုးသမီးဦးဆောင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ ပရော့ဂျက် မန်နေဂျာ နောမေ ဆုတောင်းပွဲမှာ ပြောသွားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်က လိုင်ဇာမြို့အနီး မုန်လိုင်ခက်ရွာက စစ်ဘေးဒုက္ခသည်စခန်း ပစ်ခတ်ခံရပြီး ကလေးသူငယ်တွေ အပါအဝင် ၂၉ ဦး သေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းပဇီကြီးရွာပစ်ခတ်မှုအပါအဝင် စစ်တပ်ရဲ့အစုလိုက်အပြုံလိုက် သေဆုံးတဲ့အထိ ပစ်ခတ်မှုပေါင်း အကြိမ် ၂၀ ကျော်ရှိခဲ့ပြီး ဒီလုပ်ရပ်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက အရေးယူသင့်တယ်လို့ နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်  ဦးဆောင်ကော်မတီဝင် ဦးဝါယမက မိန့်ပါတယ်။

အခု ဆုတောင်းပွဲကိုတော့ နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း လေကြောင်းပစ်ခတ်မှုတွေအပါအဝင် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူလူထု ၄၀၀၀ ကျော်ရှိသွားပြီလို့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း  AAPP က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013