DVB Logo
Home
မြန်မာသတင်း
ကလေး-ရန်ကုန် လေယာဉ်လက်မှတ်ခ ဈေးနှုန်းမြင့်တက်
DVB
·
October 18, 2023
ကလေး-ရန်ကုန် လေယာဉ်လက်မှတ်ခ ဈေးနှုန်းမြင့်တက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်း ရန်ကုန်ကို‌ ပြေး‌ဆွဲပေးနေတဲ့ ကလေး-ရန်ကုန် မြန်မာ့လေကြောင်း လေယာဉ်လက်မှတ်ခဈေးဟာ ကျပ် ၃၀၀၀၀ ဝန်းကျင် မြင့်တက်သွားတယ်လို့ လေယာဉ်‌လက်မှတ် အရောင်းစင်တာတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၆ ရက်ကစတင်ကာ ဈေးနှုန်းပြောင်းလဲသွားတာဖြစ်ပြီး အရင် ကလေး-ရန်ကုန် လေယာဉ်လက်မှတ်ဈေးဟာ ၂၉၀,၀၀၀ ကျပ်ကနေ ၃၂၀,၀၀၀ ကျပ်၊ ရန်ကုန်-ကလေး လေယာဉ်လက်မှတ်ခက ၂၂၅,၀၀၀ ကျပ်ကနေ ၂၅၅,၀၀၀ ကျပ်အထိ မြင့်တက်သွားတာ ဖြစ်ပါတယ်။

လေယာဉ်လက်မှတ်အရောင်းဆိုင် ဝန်ထမ်းတဦးက “ကလေး-ရန်ကုန် ဈေးတက်သွားတာ ဟုတ်ပါတယ်။ ကျန်တဲ့မြို့တွေတော့ လတ်တလော ဈေးနှုန်းမတက်သေးပါဘူး။ အရင်ကထက်စာရင်တော့ ဈေးနည်းနည်းများသွားတယ်” လို့ ပြောပါတယ်။

ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက်ကို သွားဖို့ရာ ကုန်းလမ်းကြောင်းက တိုက်ပွဲတွေနဲ့ လမ်းကြောပိတ်ဆို့မှုတွေကြောင့် လေကြောင်းခရီးကို အသုံးပြုသူ များလာတာလို့ ကလေးမြို့ခံတွေက ပြောပါတယ်။

ကလေးမြို့ခံတဦးက “အခုနေတော့ ပွင့်တဲ့ မဟာမြိုင်လမ်းကလည်း မိုးရာသီဆိုတော့ လမ်းမကောင်းဘူး။ တိုက်ပွဲတွေက ဖြစ်လိုက်၊ စစ်ဆေးရေးဂိတ်တွေကလည်း‌ များတော့ လေကြောင်းကိုပဲ သုံးဖြစ်ကြတာဗျ” လို့ ပြောပါတယ်။

လေကြောင်းလိုင်းနဲ့ ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက်က မြို့တွေဖြစ်တဲ့ မုံရွာ၊ မန္တလေး၊ ရန်ကုန်မြို့တွေကို ပြေးဆွဲပေးနေပြီး အရင်က မြန်မာ့လေကြောင်း၊ ကမ္ဘောဇလေကြောင်းနဲ့ အဲသံလွင်လေကြောင်း လေကြောင်း ၃ လိုင်းနဲ့ ပြေးဆွဲခဲ့ရာကနေ အခုအခါမှာတော့ မြန်မာ့လေကြောင်းလိုင်းတလိုင်းသာ ပြေးဆွဲတော့တယ်လို့ သိရပါတယ်။

ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက်ကိုသွားတဲ့ ကလေး-ဂန့်‌‌ဂေါလမ်း၊ ကလေးဝ-မဟာမြိုင်လမ်း၊ ကလေးဝ-မင်းကင်းလမ်း၊ ကလေး-ဟားခါးလမ်း စတဲ့ အဓိကလမ်းမကြီး ၄ ခုရှိပြီး ကလေး-ဂန့်ဂေါလမ်းက လမ်းကြောပိတ်နေတာ ၂ နှစ်ကြာမြင့်‌နေပြီ ဖြစ်တာ‌ကြောင့် ကလေးဝ-မဟာမြိုင်လမ်းကိုပဲ အဓိကဦးစားပေး အသုံးပြုနေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013