DVB Logo
Home
မြန်မာသတင်း
တောင်ကိုရီးယားက မြန်မာနိုင်ငံမှ ရာသီချိန် လုပ်သားခေါ်ယူမည့်ကိစ္စ အတည်မပြုနိုင်သေး
DVB
·
October 18, 2023
တောင်ကိုရီးယားက မြန်မာနိုင်ငံမှ ရာသီချိန် လုပ်သားခေါ်ယူမည့်ကိစ္စ အတည်မပြုနိုင်သေး
Donate to DVB

မြန်မာနိုင်ငံကနေ တောင်ကိုရီးယားကို ရာသီချိန်လုပ်သားတွေ စေလွှတ်တော့မယ်ဆိုတဲ့ သတင်းတွေထွက်နေပေမဲ့ တောင်ကိုရီးယားအစိုးရဘက်က ဒီကိစ္စ အတည်ပြုထားတာ မရှိသေးဘူးလို့  မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေထံက သိရပါတယ်။

ကိုရီးယားယောက် မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတဦးက “ကိုရီးယား တရားရေးဝန်ကြီးဌာနနဲ့ ရာသီချိန် လုပ်သားတာဝန်ခံကို ဖုန်းဆက်မေးပြီးပါပြီ။ တာဝန်ခံက လက်ရှိ ကိုရီးယား ဒေသန္တရအစိုးရက မြန်မာဘက်နဲ့ MOU စာချုပ် ချုပ်ထားတာမရှိကြောင်း၊ ရာသီချိန်လုပ်သားခေါ်ယူဖို့ ကိစ္စ မြန်မာဘက်နဲ့ ဆွေးနွေးထားတာတော့ ရှိကြောင်း၊ မြန်မာပြည်အခြေအနေကြောင့် စစ်ဆေးနေဆဲဖြစ်ကြောင်း ဖြေပါတယ်"လို့ ပြောပါတယ်။

ပြည်တွင်းမီဒီယာတချို့မှာတော့ ရာသီချိန်လုပ်သားစေလွှတ်တော့မှာဖြစ်ပြီး အမျိုးသမီး လုပ်သားတွေကို ဦးစားပေးစေလွှတ်မယ်ဆိုပြီး စစ်ကောင်လက်အောက်ခံ ပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA) ရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြထားတာ ဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ POEA ကို ဆက်သွယ်မေးမြန်းပေမယ့်ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

တောင်ကိုရီးယားကို ရာသီချိန်လုပ်သား စေလွှတ်မယ်ဆိုတဲ့ကိစ္စဟာ ဒီနှစ်လယ်ပိုင်းကတည်းက သတင်းတွေ မကြာခဏထွက်ပေါ်နေခဲ့တာဖြစ်ပြီး ဒီကိစ္စ  လတ်တလော မဖြစ်နိုင်သေးဘူးလို့ ကိုရီးယားအခြေစိုက် မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေထံက သိရပါတယ်။

တောင်ကိုရီးယားကို ရာသီချိန်လုပ်သားတွေ ပို့ပေးမယ်ဆိုတဲ့သတင်းတွေကို စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီဆီကနေ ထွက်ခဲ့ဖူးသလို နေပြည်တော်အနီးမှာ ပြည်ပ သွားရောက်လုပ်ကိုင်လိုသူတွေ စုဆောင်းတာရှိနေတယ်ဆိုပြီး ဒေသခံတွေဆီက သိရပါတယ်။

တပ်ကုန်းမြို့နယ်မှဒေသခံတဦးက “ကိုရီးယားသွားရမယ်ဆိုပြီး စာရင်းကောက်နေတာတွေတော့ ကြားတယ်။ အမျိုးသမီးတွေလည်း သွားရမယ်ဆိုလို့ စိတ်ဝင်စားနေကြတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံကနေ ရာသီချိန်လုပ်သားတွေ ခေါ်မယ်ဆိုတဲ့သတင်းကို ရန်ကုန်မြို့ရှိ တောင်ကိုရီးယား သံရုံးကလည်း ဇွန်လအတွင်းက ငြင်းဆိုခဲ့ပြီး အခုထိလည်း အတည်ပြု ထုတ်ပြန်တာ မရှိသေးပါဘူး။

လက်ရှိမှာ မြန်မာနိုင်ငံက  နှစ်နိုင်ငံအစိုးရချင်း နဂိုကတည်းက သဘောတူထားတဲ့ EPS စနစ်နဲ့ ကုန်ထုတ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းအတွက် အလုပ်သမားတွေကို စေလွှတ်ပေးနေတာ ဖြစ်ပါတယ်။

အဲဒီအလုပ်သမားတွေကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီတခုတည်းကပဲ တာဝန်ယူစေလွှတ်နေတာ ဖြစ်ပါတယ်။

ပုဂ္ဂလိက အေဂျင်စီတွေအနေနဲ့ တောင်ကိုရီးယားအစိုးရဘက်က လက်ခံထားတဲ့ အေဂျင်စီ လေးခုက နေပဲ သင်္ဘောကျင်းလုပ်ငန်းအတွက် ဝရိန်ကျွမ်းကျင်လုပ်သား သီးသန့်သာ စေလွှတ်ခွင့်ရရှိထားပါတယ်။

လက်ရှိ တောင်ကိုရီးယားမှာ  မြန်မာလုပ်သား ၅၀၀၀၀ နီးပါးရောက်ရှိလုပ်ကိုင်နေသလို လစဥ် EPS လုပ်သားရာချီ ဆက်လက်ထွက်ခွာနေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013