DVB Logo
Home
နိုင်ငံတကာ
အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာဆေးရုံထိမှန်ပြီး လူ ၅၀၀ ကျော်သေဆုံး
DVB
·
October 18, 2023
အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာဆေးရုံထိမှန်ပြီး လူ ၅၀၀ ကျော်သေဆုံး
Donate to DVB

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်  ဂါဇာရှိ  အယ်လ်အလီအယ်လ် အာရာဘီဘတ်ပ်တစ် ဆေးရုံကို အောက်တိုဘာ ၁၇ ရက် ညက ထိမှန်ခဲ့လို့ လူအယောက် ၅၀၀ ထက်မနည်း သေဆုံးတယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ပါတယ်။

အဲဒီဆေးရုံနဲ့ တမိုင်နီးပါးဝေးတဲ့ အယ်လ်ရှီဖှာဆေးရုံဆီ ဒဏ်ရာရသူတွေကို တင်ထားတဲ့ လူနာတင်ယာဉ်တွေ ရောက်လာတာကို ရိုက်တာသတင်းဌာနက ရထားတဲ့ ရုပ်သံထဲမှာ တွေ့ရပါတယ်။

ကုလသမဂ္ဂက စီမံခန့်ခွဲနေတဲ့ ဒုက္ခသည်တွေခိုလှုံရာ ကျောင်းတကျောင်းကိုလည်း လေကြောင်းကနေ ပစ်ခတ်တာ ထိမှန်ခဲ့ပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုအပြီးမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အီဂျစ်သမ္မတ အဘ်ဒယ် ဖာတာ အယ်လ်စီစီတို့ တွေ့ဆုံမယ့် ထိပ်သီးညီလာခံကို ဂျော်ဒန်အစိုးရက ဖျက်သိမ်းလိုက်ပါတယ်။

ပါလက်စတိုင်းသမ္မတ မာမွတ် အာဘတ်စ်ကလည်း အစည်းအဝေးမတက်ဘဲ ရွှေ့ဆိုင်းလိုက်ပါတယ်။

ဆေးရုံကိုထိမှန်တဲ့ ဗုံးဟာ အစ္စလာမ္မစ် ဘာသာရေး စစ်ဝါဒီတွေ ပစ်လွှတ်လိုက်ပြီး လမ်းကြောင်းချော် ထိမှန်ခဲ့တဲ့ ဒုံးကျည်သာ ဖြစ်တယ်လို့ အစ္စရေးစစ်တပ် ပြောခွင့်ရက အောက်တိုဘာ ၁၈ ရက်မှာ ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ ဟားမတ်စ်တွေရဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွက် အစ္စရေးက လက်စားချေ ဗုံးကြဲတာ စခဲ့ပြီးတဲ့နောက် တကြိမ်တည်းမှာ လူအသေအပျောက်အများဆုံး ဖြစ်ရပ်ပါ။

ဒီဖြစ်ရပ်အတွက် အစ္စရေးမှာ တာဝန်မရှိတာ သက်သေထူဖို့ နောက်ထပ် သက်သေတွေကို အစ္စရေးက ထုတ်ပြန်မယ်လို့ အစ္စရေး ကာကွယ်ရေးတပ်ပြောခွင့်ရ ဒုဗိုလ်မှူးကြီး ယိုနသန် ကွန်ရိကတ်စ်က အောက်တိုဘာ ၁၇ ရက် ညနေပိုင်းမှာ CNN သတင်းဌာနကို ပြောပါတယ်။

လူဦးရေ ၂ ဒသမ ၃ သန်းရှိရာ ဂါဇာကမ်း‌မြောင်ဒေသမှာ ဟားမတ်စ်တွေကို အစ္စရေးက လက်စားချေ တိုက်ခိုက်နေလို့ သေဆုံးသူဦးရေ အယောက် ၃,၀၀၀ ကျော်ပြီး လူ ၁၂,၅၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

ဆေးရုံပေါက်ကွဲမှုအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်မှု မရှိသေးပါဘူး။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013