DVB Logo
Home
နိုင်ငံတကာ
ကာကွယ်ရေးလုပ်ငန်း မြှင့်တင်မည်ဟု တောင်ကိုရီးယားသမ္မတပြော
DVB
·
October 18, 2023
ကာကွယ်ရေးလုပ်ငန်း မြှင့်တင်မည်ဟု တောင်ကိုရီးယားသမ္မတပြော
Donate to DVB

တောင်ကိုရီးယားနိုင်ငံ အမျိုးသားလုံခြုံရေးမဟာဗျူဟာရဲ့ အဓိကအစိတ်အပိုင်းအဖြစ် ကာကွယ်ရေးလုပ်ငန်းကို မြှင့်တင်မယ်လို့ သမ္မတ ယွန်းဆွတ်ခ်ယိုးက အောက်တိုဘာ ၁၇ ရက်နေ့ ကျင်းပတဲ့ နိုင်ငံရဲ့ အကြီးမားဆုံး ကာကွယ်ရေးပြပွဲ ဖွင့်ပွဲမိန့်ခွန်းထဲမှာ ကတိပြု ပြောကြားသွားပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဆောင်းနမ်ရှိ ဆိုးလ်လေဆိပ်မှာကျင်းပတဲ့ ဖွင့်ပွဲအခမ်းအနားမှာ အမေရိကန် နျူကလီးယားသုံး B-52 ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တစင်းရဲ့ ရှားရှားပါးပါး ပျံသန်းပုံကိုလည်း ထည့်သွင်းပြသခဲ့ပါတယ်။

“ဒီအကြိမ် ဆိုးလ် ADEX (နိုင်ငံတကာ လေကြောင်းနဲ့ ကာကွယ်ရေးပြပွဲ) ကို အထူးသဖြင့် အမေရိကန်စစ်တပ်တွေနဲ့အတူ ပါဝင်ခဲ့ပြီး လစ်ဘရယ်ဒီမိုကရေစီကို အခိုင်အမာ ထိန်းသိမ်းထားတဲ့ တောင်ကိုရီးယား-အမေရိကန် မဟာမိတ်တွေရဲ့ အံ့မခန်းစွမ်းရည်တွေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရမှာပါ” လို့ သမ္မတ ယွန်းက ပြောပါတယ်။

အနာဂတ်မှာ ကာကွယ်ရေးစက်မှုလုပ်ငန်း ဆက်လက်တိုးတက်ဖို့အတွက် ဂေဟစနစ် ပြင်ဆင်ခြင်းအားဖြင့် ကမ္ဘာကို ယှဉ်ပြိုင်နိုင်စွမ်းအား အစိုးရအနေနဲ့ မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးစက်မှုလုပ်ငန်းရဲ့ တိုးတက်မှုအတွေ့အကြုံတွေကို မဟာမိတ်တွေနဲ့ မျှဝေပြီး ကာကွယ်ရေးလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုစနစ်တခုကို ထူထောင်သွားမယ်လို့လည်း သမ္မတ ယွန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

မကြာသေးမီက အမေရိကန် လေယာဉ်တင်သင်္ဘော ရောက်ရှိလာခြင်း အပါအဝင် ဒေသတွင်း မဟာဗျူဟာ စစ်အင်အား လက်နက်ပစ္စည်း ဖြန့်ကျက်မှုအပေါ် အမေရိကန်ပြည်ထောင်စုကို ပြုံးယမ်းက အကြိမ်ကြိမ် ဝေဖန်ခဲ့ပြီး ဒါကို ရန်စတာလို့လည်း သမ္မတက ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013