DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းအနုပညာအကယ်ဒမီ ဖွင့်လှစ်မည်
DVB
·
October 18, 2023
စစ်ကိုင်းအနုပညာအကယ်ဒမီ ဖွင့်လှစ်မည်
Donate to DVB

စစ်ကိုင်းတိုင်းမှာ စစ်ကိုင်းအနုပညာအကယ်ဒမီကို CDM ကျောင်းသားတွေနဲ့ NUG ပညာရေးဌာနတို့ ပူးပေါင်းပြီး လာမယ့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဖွင့်လှစ်သွားမယ်လို့  ကျောင်းတည်ထောင်သူတွေထံက သိရပါတယ်။

စစ်ကိုင်းအနုပညာအကယ်ဒမီမှာ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ သက်မွေး စတဲ့ဘာသာရပ်တွေ သင်ကြားဖို့ စီစဉ်ထားပြီး ပထမဆုံး ပညာသင်နှစ်မှာတော့ ဂီတပညာကိုပဲ သင်ကြားသွားမှာလို့ ဆိုပါတယ်။

ဂီတပညာရပ်တွေအနေနဲ့ ဂီတသီအိုရီ၊ မြန်မာ့ဂီတသမိုင်း၊ ကမ္ဘာ့ဂီတသမိုင်း၊ ဂီတမူပိုင်ခွင့် ဘာသာရပ်တွေနဲ့ ပတ္တလား၊ ဂစ်တာ၊ တယော၊ စန္ဒယား၊ စောင်း စတဲ့တူရိယာတွေကိုလည်း သင်ကြားပေးမှာ ဖြစ်ပါတယ်။

ပညာသင်နှစ်တခုကို ၁၂ လ သတ်မှတ်ထားပြီး ဂီတပညာ အဆင့် ၅ ဆင့်လုံး သင်ကြားပေးပြီးနောက် ဂီတပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ အသိအမှတ်ပြု လက်မှတ်တခု ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

စစ်ကိုင်းအနုပညာအကယ်ဒမီမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလ ပညာသင်ကျောင်းတွေမှာ ၁၀ တန်းအောင်မြင်ပြီးသူတွေနဲ့ အရင်အစိုးရလက်ထက်က ၁၀ တန်း အောင်မြင်ပြီးတဲ့ ကျောင်းသားတွေ လျှောက်ထားနိုင်မှာဖြစ်ပြီး အပတ်စဉ်တခုကို ကျောင်းသား အယောက် ၅၀ လက်ခံသွားမယ်လို့ ဆိုပါတယ်။

ကျောင်းတာဝန်ရှိသူတဦးက “အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်က တနိုင်ငံလုံးမှာ ၂ ကျောင်းပဲရှိတယ်။ အခုလို ဖက်ဒရယ်စနစ်ကို တည်ဆောက်နေတဲ့ ကြားကာလမှာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်တခု မပေါ်လာမချင်း အနုပညာဘာသာရပ်တွေ မပျောက်ကွယ်သွားအောင် ထိန်းသိမ်းဖို့ ဦးတည်ပြီး ဖွင့်လှစ်မှာဖြစ်တယ်” လို့ ပြောပါတယ်။

စစ်ကိုင်းအနုပညာအကယ်ဒမီကို အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် CDM ကျောင်းသား၊ ကျောင်းသူတွေက ဦးဆောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013