DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အယုံအကြည်မရှိဟု အာဆီယံအမတ်များအဖွဲ့ ကြေညာ
DVB
·
October 18, 2023
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အယုံအကြည်မရှိဟု အာဆီယံအမတ်များအဖွဲ့ ကြေညာ
1 / 3
Donate to DVB

အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အယုံအကြည်မရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ APHR အဖွဲ့က အောက်တိုဘာလ ၁၇ ရက်နေ့က  ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၁၅ ရက် မနက်က နေပြည်တော်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ၈ နှစ်ပြည့် အခမ်းအနားကို စစ်ကောင်စီက ကျင်းပခဲ့တာနဲ့ပတ်သက်ပြီး အာဆီယံအမတ်တွေက တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီလိုအခမ်းအနားမျိုး ကျင်းပရုံနဲ့ စစ်ကောင်စီက ငြိမ်းချမ်းရေး လိုလားနေတယ်ဆိုပြီး သက်သေပြဖို့ မလုံလောက်တာကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ထင်ယောင်ထင်မှား မဖြစ်ကြဖို့လည်း ပြောဆိုထားပါတယ်။

ဒီအခမ်းအနားမတိုင်ခင် ရက်အနည်းငယ်အတွင်းမှာပဲ စစ်ကောင်စီတပ်က ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့လည်း  APHR အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးက တက်ရောက်ခဲ့တာကို စိတ်ပျက်မိတယ်လို့လည်း APHR ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ ၁၀ ဖွဲ့ထဲက ၃ ဖွဲ့ဖြစ်တဲ့ KNU, ABSDF နဲ့ CNFတို့ကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ပျက်ပြယ်သွားပြီလို့ တရားဝင်ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ တဖက်မှာ ငြိမ်းချမ်းရေးစကားပြောနေပေမဲ့ တဖက်မှာ တိုင်းရင်းသား ဒေသတွေအပါအဝင် နိုင်ငံအနှံ့အပြား အကြမ်းဖက် ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်မှုတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013