DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် KIA အရာရှိ အပါအဝင် အနည်းဆုံး ၂ ဦး သေဆုံး
DVB
·
October 17, 2023
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် KIA အရာရှိ အပါအဝင် အနည်းဆုံး ၂ ဦး သေဆုံး
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါနဲ့ ကံဆီးဒေသအထက်ဘက်က နယ်မြေထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ KIA အရာရှိအပါအဝင် အနည်းဆုံး ၂ ယောက်သေဆုံးခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖားကန့်မြို့နယ်၊ အနန့်ပါနဲ့ ကံဆီးဒေသအထက်ဘက်က KIA တပ်မဟာ (၉) နယ်မြေထဲကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့  အောက်တိုဘာ ၁၆ ရက် ည ၆ နာရီကျော်လောက်မှာ တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုကြောင့် KIA  တပ်မဟာ (၉) ဌာနချုပ်က ထိပ်ပိုင်းအရာရှိ တစ်ယောက်အပါအဝင် အနည်းဆုံး ၂ ယောက် သေဆုံးခဲ့ရတယ်လို့ KIA နဲ့နီးစပ်တဲ့ ဒေသခံတစ်ယောက်က ပြောပြပါတယ်။

“သေတာ ၂ ယောက်နဲ့ ဒဏ်ရာရတဲ့ တစ်ယောက်တော့ အတည်ပြုလို့ဖြစ်တယ်။ နောက်ဆက်တွဲ ဘယ်လိုရှိတယ်ဆိုတာ အသေးစိတ်တော့မသိရသေးဘူး။ ဒေသခံထိခိုက်တာတော့ မကြားရသေးဘူး။ ဘာမှလည်း တိုက်ပွဲမရှိဘူး အဲဒီမှာ”

ဒီတိုက်ခိုက်မှုကြောင့် အနန့်ပါကျေးရွာအနီးနဲ့ ကျေးရွာဈေးပတ်ဝန်းကျင်ကို ဗုံးကျရောက် ပေါက်ကွဲမှုတွေ ရှိခဲ့လို့ ဒေသခံတချို့ပါထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဒေသအခြေစိုက်မီဒီယာတချို့ကလည်း ရေးပါတယ်။

တိုက်ခိုက်မှုကြောင့် သေဆုံးရသူတွေထဲမှာ ဖားကန့်မြို့က လုပ်ငန်းရှင်တချို့ပါဝင်တယ်လို့ သတင်းတွေ ထွက်နေပေမဲ့ အတည်မပြုနိုင်သေးပါဘူး။

တခြား ဖားကန့်ဒေသခံတစ်ယောက်ကတော့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်တာတွေကိုသိပေမဲ့ ဖားကန့်၊ လုံးခင်းတစ်ဝိုက်မှာတော့ထူးခြားတာ မရှိသေးဘူးလို့ ပြောပြပါတယ်။

“လက်နက်ကြီးက မနေ့က ညကြီး လုံးခင်းထဲကနေကြားရတယ်။ လက်နက်ကြီးသံတွေ၊ ဘယ်ကိုပစ်နေတယ်ဆိုတာတော့ မသိဘူး။ အဲဒီလက်နက်ကြီးသံပဲကြားရတာ ၇ ချက်လောက်ကြားရတယ် ”

ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက လည်း ဒီတိုက်ခိုက်မှုတွေကို အတည်ပြုပေမယ့် အသေးစိတ်ကိုမသိရသေးဘူးလို့ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းမှာ  ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က အနန့်ပါဒေသအပါအဝင် မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့တော့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ သူက သုံးသပ်ပါတယ်။

ဒါပေမဲ့ KIA အရာရှိတွေကျဆုံးကြောင်း KIA နဲ့နီးစပ်တဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ အတည်ပြုနိုင်ဖို့ သတင်းရေးသားချိန်အထိ ဖုန်းဆက်သွယ်လို့ မရသေးပါဘူး။

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်ကလည်း  KIO/KIA ဖွဲ့စည်းတည်ထောင်ခြင်း  ၆၂ နှစ်မြောက် အထိမ်းအမှတ်ဂီတဖျော်ဖြေပွဲကျင်းပချိန် စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်တာကြောင့် KIA အရာရှိတချို့အပါအဝင် ဒေသခံအရပ်သား ၁၀၀ ဝန်းကျင်သေဆုံးခဲ့ရပါတယ်။

အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်ခံရတဲ့နှစ်ပတ်လည်နေ့ဖြစ်တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ ရောက်ဖို့ တပတ်အလိုမှာပဲ အခုလိုနောက်တကြိမ် ဗုံးကြဲတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ကေအိုင်အေ ဌာနချုပ် လိုင်ဇာအနီးကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်စဉ်

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013