DVB Logo
Home
မြန်မာသတင်း
မုန်လိုင်ခက် စစ်ဘေးရှောင်များကို ကျောင်းသားသမဂ္ဂများက ကျပ် သိန်း ၁၀၀ ကျော် လှူဒါန်း
DVB
·
October 17, 2023
မုန်လိုင်ခက် စစ်ဘေးရှောင်များကို ကျောင်းသားသမဂ္ဂများက ကျပ် သိန်း ၁၀၀ ကျော် လှူဒါန်း
Donate to DVB

စစ်ကောင်စီတပ်ရဲ့ အောက်တိုဘာ ၉ ရက် ညပိုင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်အိုးအိမ်တွေ ဆုံးရှုံးခဲ့ရတဲ့ ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခက် စစ်ဘေးရှောင် ပြည်သူတွေကို ပြည်တွင်း ပြည်ပ တော်လှန်ပြည်သူတွေနဲ့အတူ မြောက်ပိုင်း လွတ်မြောက်နယ်မြေရောက် ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီး ငွေကျပ် ၁၃,၂၅၀,၀၀၀ ကို အောက်တိုဘာ ၁၅ ရက်‌မှာ ‌ပေးအပ်လှူဒါန်းခဲ့ပါတယ်။

မြစ်ကြီးနား နည်းပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ ယာယီ အလုပ်အမှုဆောင်အဖွဲ့ဝင် ကို Justin က “‌မြောက်ပိုင်းရောက်‌ ကျောင်းသားသမဂ္ဂများက ကမကထ လုပ်ပြီးတော့ အလှူခံပြီး ဖြစ်တာပါဗျ။ နေရာတော့ လိုင်ဇာပြည်သူ့‌ဆေးရုံ၊ ဝေကြိုင် စစ်ရှောင်စခန်းမှာပါဗျ။ အောက်တိုဘာလ ၁၃၊ ၁၄၊ ၁၅ ရက်တွေမှာ လှူတာပါ။ သက်ဆိုင်ရာ ကျောင်းသားသမဂ္ဂ အလိုက်‌ရော၊ အသင်းအဖွဲ့ အချို့ရော၊ ပုဂ္ဂလိက အလှူခံတာ‌ရော ပေါင်းပြီး အလှူခံခဲ့ပါတယ်ဗျ။ ဆေးရုံကုသခံယူတာက ၁၈ ယောက်ပါဗျ၊ ဆေးရုံတက်နေတဲ့သူတွေ ကိုတော့ တဦး ကျပ် တသိန်းနှုန်းနဲ့ အိမ်ထောင်စု ၂၀၉ စုကို တစုကို ကျပ် ၅၀,၀၀၀ နှုန်း စုစုပေါင်း ကျပ်သိန်း ၁၃၀ ကျော် လှူခဲ့ပါတယ်ဗျ။ လောလောဆယ် စစ်ရှောင် ဒုက္ခသည်ပေါင်း ၈၅၆ ယောက် ရှိပါတယ်ဗျ” လို့ ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကို အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဒီအခြေအနေကြီးကို ဖြတ်ကျော်သွားဖို့ အားပေးတဲ့အကြောင်းနဲ့ အကူအညီတွေ လိုအပ်သေးတာမို့ ဆက်လက် ဝိုင်းဝန်းကူညီဖို့လည်း  ပြောပါတယ်။

ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ အမျိုးသမီး ၊ ကလေးသူငယ်နဲ့ ပြည်သူတွေကို သွားရောက် တွေ့ဆုံပြီး အားပေးစကား ပြောကြားတာနဲ့ ပံ့ပိုးကူညီမှုတွေ ပေးအပ်ခဲ့တယ်လို့လည်း မြောက်ပိုင်း လွတ်မြောက်နယ်မြေရောက် ကျောင်းသားသမဂ္ဂများက ဆိုပါတယ်။

အောက်တိုဘာ ၉ ရက်၊ ည ၁၁ နာရီ ၂၅ မိနစ်လောက်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်အနီးရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့လို့ အမျိုးသမီး၊ ကလေးသူငယ် အပါအဝင် ပြည်သူ ၂၇ ဦးထက်မနည်း သေဆုံးပြီး ပြည်သူ ၄၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013