DVB Logo
Home
မြန်မာသတင်း
လှည်းကူး ရေဘေးသင့်ပြည်သူ ၁၀,၀၀၀ ကျော် အကူအညီလိုအပ်၊ စာသင်ကျောင်း ၅၀ ကျော် ပိတ်ထားရ
DVB
·
October 17, 2023
လှည်းကူး ရေဘေးသင့်ပြည်သူ ၁၀,၀၀၀ ကျော် အကူအညီလိုအပ်၊ စာသင်ကျောင်း ၅၀ ကျော် ပိတ်ထားရ
1 / 6
Donate to DVB

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ကျေးရွာတွေရှိ ရေဘေးသင့်ပြည်သူ ၁၀,၀၀၀ ကျော်ဟာ အကူအညီတွေ ဆက်လက်လိုအပ်နေသလို စာသင်ကျောင်း ၅၀ ကျော် ပိတ်ထားရတယ်လို့ ဒေသခံ ပရဟိတသမားတွေက ပြောပါတယ်။

လှည်းကူးမြို့ ချောင်းဘေးနားမှာရှိတဲ့ ကျေးရွာတွေဖြစ်တဲ့ မလစ်အနောက်၊ သစ်ပင်၊ ရေကျော်၊ ဖိုးအိမ်ကလေး၊ ကင်မွန်ခြုံ၊ အဝိုက်၊ ရှမ်းရွာ၊ ဝါနက်ကုန်း၊ ခရောင်ရွာ၊ နန္တိရွာ၊ ကြို့ကုန်း၊ ဟိုက်ကူးရွာနဲ့ ဥယျာဉ်ဝကျေးရွာတွေမှာရှိတဲ့ ရေဘေးသင့်ဦးရေ ၁၀,၀၀၀ ကျော်ဟာ  အောက်တိုဘာလ အစကတည်းက ရေကြီးဒဏ်ကို ခံနေရတဲ့အတွက် အကူအညီတွေ လိုအပ်နေပါတယ်။

Helgue Information Centre တာဝန်ရှိသူတဦးက “ရွာတရွာကို လူ ၁,၀၀၀ ကျော်လောက် ရေဘေးသင့်နေတာ။ တမြို့လုံးအတိုင်းအတာနဲ့ လူ ၁၀,၀၀၀ ကျော် ၂၀,၀၀၀ နီးပါး ရေဘေးသင့်နေတာ။ ဒီဘက်ရွာတွေက လူ‌သူအရောက်အပေါက်လည်းနည်းတော့ အလှူရှင် လာရောက်တာ နည်းတယ်။ တချို့ရွာတွေ ရေတက်တာ စက်တင်ဘာကတည်းက ၁ လကျော်ပြီ။ ရေက လက်နှစ်လုံးလောက်ပဲကျတာ၊ တချို့နေရာတွေဆိုရင် ရင်ခေါင်းလောက်ရှိတယ်။ သူတို့လည်း တောင့်ခံထားတာ မနိုင်တော့လို့ ကျနော်တို့ကို အကူအညီ လာရောက်တောင်းခံ‌တာ‌ ဖြစ်တယ်” လို့ ပြောပါတယ်။

ကျေးရွာရှိ လူအများစုဟာ ဖားရှာ ငါးရှာ၊ စက်ရုံဆင်းနေကြသူတွေနဲ့ စပါးစိုက်တောင်သူတွေသာ ဖြစ်တာကြောင့် ‌ဝမ်းရောဂါ၊ ယားနာရောဂါတွေ မဖြစ်ပွားစေရေးအတွက် ဆရာဝန်တွေခေါ်ပြီး‌ စစ်ဆေးပေးနေပေမဲ့ အကူအညီ‌တွေ များစွာလိုအပ်နေသေးတယ်လို့ သူက ပြောပါတယ်။

လှည်းကူးမြို့နယ်မှာ ရေလုံးဝမကျသေးတာကြောင့် စာသင်ကျောင်း ၅၀ ကျော်ကို ပိတ်ထားရဆဲ ဖြစ်တယ်လို့ ပရဟိတသမားတဦးက ပြောပါတယ်။

“စာသင်ကျောင်း ၅၀ ကျော်ကို ရက် ၂၀ လောက် ပိတ်ထားတယ်ပေါ့။ ပြန်ဖွင့်ဖို့က မလွယ်သေးဘူး။ ရေမကျသေးတဲ့နေရာတွေ အများကြီး ရှိသေးတယ်လေ။ ရေအကုန်လုံးကျရင်တောင် ပြန်လည်ထူထောင်ရေးတွေ လုပ်ရမှာဆိုတော့ ဖွင့်ဖို့ မဖြစ်နိုင်သေးဘူး။ ရေက မြို့တွင်းတော့ကျနေပြီး ရွာတွေဘက်တော့ ကျန်သေးတယ်။”

လှည်းကူးနဲ့ကပ်လျက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မှာလည်း ငမိုး‌ရိပ်ရေလှောင်တမံ ရေကျော်ပြီး ရေကြီးနေတာကြောင့် လူ ၅၀၀ နီးပါး ရေဘေးသင့်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013