DVB Logo
Home
နိုင်ငံတကာ
အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် ဟားမတ်စ်အကြီးတန်းခေါင်းဆောင် ၁ ဦး သေဆုံး
DVB
·
October 17, 2023
အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် ဟားမတ်စ်အကြီးတန်းခေါင်းဆောင် ၁ ဦး သေဆုံး
Donate to DVB

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်က ဟားမတ်စ်အကြီးတန်း ခေါင်းဆောင် တယောက်သေဆုံးသွားတယ်လို့    အစ္စရေးကာကွယ်ရေးတပ်ဖွဲ့  IDF က တိုက်ခိုက်မှု ဗီဒီယိုမှတ်တမ်းကို အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ 

ပစ်မှတ်ထားတိုက်ခိုက်ခဲ့လို့ ဟားမတ်စ်အဖွဲ့ရဲ့ ရှုရကောင်စီအကြီးအကဲ အိုစမာမာဇီနီ သေဆုံးခဲ့ တယ်လို့  အစ္စရေးကာကွယ်ရေးတပ်ဖွဲ့  IDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

သူဟာ ဟားမတ်စ်စစ်သွေးကြွအုပ်စုအတွက် ဓားစာခံရေးရာ အဓိက စေ့စပ်ညှိနှိုင်းရေးမှူး တဦးပါ။ ဂါဇာမှာ အစ္စရေးသုံ့ပန်း အယောက် ၂၀၀ ကနေ ၂၅၀ လောက်ရှိတယ်လို့ ဟားမတ်စ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပေါ်ပေါက် စေတဲ့ ဟားမတ်စ်ကို ထိုးစစ်ဆင်ရေး အရှိန်မြှင့်ဖို့ အစ္စရေးက မျှော်လင့်ထား ပါတယ်။

ဟားမတ်စ်နဲ့ အီရန်တို့ ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူခဲ့တယ်လို့ ဟားမတ်စ် အကြီးအကဲနဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ အစည်းအဝေးအပြီး အောက်တိုဘာ ၁၄ ရက်မှာ ဟားမတ်စ်တွေက ကြေညာချက် ထုတ်ပြန်ခဲ့တာကြောင့် ပိုကျယ်ပြန့်တဲ့ ပဋိပက္ခဖြစ်လာမှာကို ပိုစိုးရိမ် လာနေကြပါတယ်။

စက်ကိရိယာနဲ့ အရင်းအမြစ်တွေ ချို့တဲ့နေတဲ့ကြားက ဂါဇာကမ်းမြောင်ဒေသအတွင်း အပျက်အစီး တွေရဲ့ အောက်မှာ ပိတ်မိနေတဲ့ ရုပ်အလောင်းတွေကို ထုတ်ယူဖို့ ကြိုးစားနေတယ်လို့ အရပ်ဘက် ကာကွယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။

အပျက်အစီးတွေအောက်မှာ ရုပ်အလောင်း ၁၀၀၀ လောက်ရှိတယ်လို့ ဂါဇာပြည်ထဲရေး ဝန်ကြီးဌာနက မျှဝေထားတဲ့ ကိန်းဂဏန်းတွေကို ကိုးကားပြီး မြို့ပြကာကွယ်ရေးအရာရှိ အာဘစ် ဆာရီယာက ပြောပါတယ်။

ဂါဇာကမ်းမြောင်တောင်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေး အကောင်အထည် မဖော်ရ သေးဘူးလို့ တနင်္လာနေ့မှာ အီဂျစ်လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါပေမဲ့ ပါလက်စတိုင်းအသိုက်အဝန်းက နိုင်ငံခြားသားတွေကို ဝင်ရောက်ခွင့်ပြုရေးနဲ့ အကူအညီ တွေ ယူဆောင်လာနိုင်ရေး သဘော တူညီချက်တရပ် ရခဲ့တယ်လို့ အစ္စရေးက တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013