အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်ဟာ အစ္စရေးနိုင်ငံဆီ သွားခဲ့ပြီး နဗေးတင်မ်လေတပ် အခြေစိုက်စခန်းမှာ အမေရိကန်တပ်ဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ တင်ပို့ထားတာကို စစ်ဆေးခဲ့ပါတယ်။
တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ပြီး အစ္စရေးတို့ဟာ နောက်ထပ် ပစ္စည်းအများကြီး လိုဦးမယ်လို့လည်း အော်စတင်က အောက်တိုဘာ ၁၃ ရက်မှာ ပြောခဲ့ပါတယ်။
ဟားမတ်စ်အဖွဲ့ရဲ့ အပြင်းအထန် တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးတပ်ဖွဲ့ဝင်တွေက ကျူးကျော်ဖို့ ပြင်ဆင်နေချိန်မှာ ပင်တဂွန်က အစ္စရေးကို စစ်ဘက်ဆိုင်ရာ အကူအညီတွေ ထပ်ပေးဖို့ အသင့်ရှိတယ်လို့ အော်စတင်က ပြောပါတယ်။
ခဲယမ်းတွေ၊ လေကြောင်းရန်ကာကွယ်ရေး စွမ်းရည်တွေနဲ့ တခြားပစ္စည်းတွေ၊ အရင်းအမြစ်တွေဟာ အမေရိကန်အစိုးရနဲ့ အနီးကပ်ဆုံး အရှေ့အလယ်ပိုင်း မဟာမိတ်ဖြစ်တဲ့ အစ္စရေးဆီကို အမြန်စီးဆင်းနေတယ်လို့ အော်စတင်က ပြောခဲ့ပါတယ်။
ဂါဇာကို စိုးမိုးထားတဲ့ ပါလက်စတိုင်း အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့ ဟားမတ်စ်တွေကို ချေမှုန်းမယ်လို့ အစ္စရေးက ကတိပြုထားပါတယ်။
Source/Photo-Reuters
DVB