DVB Logo
Home
မြန်မာသတင်း
လောင်းကစားလုပ်ငန်းများ ဖုန်းမက်ဆေ့ချ်ပို့ပြီး ကြော်ငြာနေ
DVB
·
October 17, 2023
လောင်းကစားလုပ်ငန်းများ ဖုန်းမက်ဆေ့ချ်ပို့ပြီး ကြော်ငြာနေ
Donate to DVB

မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းအသုံးပြုသူတွေရဲ့ ဖုန်းထဲကို အောက်တိုဘာလဆန်းပိုင်းက စပြီး လောင်းကစားလုပ်ငန်းတွေကနေ ဖုန်းမက်ဆေ့ချ်တွေ ပေးပို့ကာ ဆော့ကစားဖို့ စည်းရုံးနေတယ်လို့ ပြည်တွင်းမိုဘိုင်းဖုန်း သုံးစွဲနေသူတွေက ပြောပါတယ်။

ကံစမ်းမဲပေါက်တယ်လို့ဆိုကာ ပေးပို့လာတဲ့ မက်ဆေ့ချ်တွေမှာ “ဂုဏ်ယူပါတယ်၊ သင် ၁ သိန်းကျပ် ရရှိပါတယ်”၊ “နေ့စဉ်ရရှိမည့် ၇၅၀၀၀ ကျပ်”၊ “ဘောနပ် ၁ သိန်းကျပ်ကို အခုပဲ ရယူလိုက်ပါ” ဆိုတဲ့ စာသားတွေနဲ့အတူ ဒေါင်းလုပ်ဒ်လုပ်နိုင်တဲ့ အပလီကေးရှင်းကိုပါ တွဲပြီး ပေးပို့နေကြတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ခံတဦးက “ဒီလ ၄ ရက်နေ့လောက်ကတည်းက မက်ဆေ့ချ်တွေ စဝင်တာ။ ဘယ်ဂိမ်းဆိုက်မှာမှ မကစားဖူးဘူး။ အားလုံးလည်း မြင်ကြပါတယ် ဖေ့စ်ဘွတ်ခ်မှာဆို ကြော်ငြာတက်လာရင် ဂိမ်းပေါင်း ၅၀၀ နဲ့ ၂ လုံးထီ ဘောလုံးကြော်ငြာတွေချည်းပဲ။ အဓိက ဆယ်လီတွေ လိုက်ခ်များတဲ့ ဘာသာပြန်ဗီဒီယိုတွေမှာ အများဆုံးပါတယ်။ block ပစ်လည်း နောက်နံပါတ်တခုနဲ့ ထပ်ပို့တယ်” လို့ ပြောပါတယ်။

လောင်းကစားလုပ်ငန်းတွေဟာ ပြည်တွင်း မိုဘိုင်းအော်ပရေတာတွေထဲက အူရီဒူးနံပါတ်တွေ သုံးစွဲကာ လိုက်လံပေးပို့နေတာဖြစ်ပြီး ‌အခကြေးငွေထည့်သွင်း လောင်းကစားရတဲ့ စလော့ဂိမ်း၊ ငါးဖမ်းဂိမ်း၊ ကာစီနို၊ ဖဲဂိမ်းတွေ ပါဝင်တဲ့ ဇော်ဂျီ app၊ ‌shwe88 app တွေကို ဖြန့်ဝေနေကြပါတယ်။

မြန်မာနိုင်ငံမှာ လောင်းကစားပြုလုပ်တာဟာ တရားမဝင် ဥပဒေမဲ့လုပ်ရပ်ဖြစ်ပြီး အရပ်သားအစိုးရလက်ထက် ၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ၁၉၈၆ ခုနှစ်ထုတ် လောင်းကစားဥပဒေကို ဖျက်သိမ်းကာ လောင်းကစားဥပဒေသစ်ကို ခေတ်နဲ့အညီ တိတိကျကျ ပြဋ္ဌာန်းခဲ့ပါတယ်။

လောင်းကစားဥပဒေပုဒ်မတွေအရ လောင်းကစားခြင်းမှာ ပါဝင်တဲ့ ပြုလုပ်၊ ပါဝင်သူ ဘယ်သူ့ကိုမ‌ဆို ပြစ်မှုအလိုက် ထောင်ဒဏ် အနည်းဆုံး ၁ လကနေ အများဆုံး ၅ နှစ်အထိနဲ့ ငွေဒဏ် အနည်းဆုံး ကျပ် ၅ သောင်းကနေ ကျပ် ၁၀ သိန်းအထိ ချမှတ်နိုင်ပြီး ပြစ်မှုနဲ့အတူ အကျုံးဝင်တဲ့ သက်သေခံပစ္စည်း၊ ငွေတွေကိုပါ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမှာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း လောင်းကစားဂိမ်းမျိုးစုံပါဝင်တဲ့ အပလီကေးရှင်းတွေ ကြော်ငြာတွေကို မြန်မာနိုင်ငံက အများဆုံးသုံးစွဲ‌နေတဲ့ လူမှုကွန်ရက်တွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်၊ တစ်တော့၊ ယူကျုတွေမှာ လောင်းကစားလုပ်ငန်းတွေက အခကြေးငွေပေးပြီး ပေါ်ပေါ်ထင်ထင် ကြော်ငြာနေကြပေမဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူနေခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013