DVB Logo
Home
အားကစား
ဆွီဒင်ပရိသတ် ၂ ဦး သေနတ်ပစ်ခံရမှုကြောင့် ဘယ်လ်ဂျီယံ-ဆွီဒင်ပွဲ ရပ်နားခဲ့ရ
DVB
·
October 17, 2023
ဆွီဒင်ပရိသတ် ၂ ဦး သေနတ်ပစ်ခံရမှုကြောင့် ဘယ်လ်ဂျီယံ-ဆွီဒင်ပွဲ ရပ်နားခဲ့ရ
Donate to DVB

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဆွီဒင်ပရိသတ်နှစ်ယောက် သေနတ်နဲ့ အပစ်ခံခဲ့ရပြီးနောက် ဘယ်လ်ဂျီယံ-ဆွီဒင်ပွဲစဉ်ကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဆွီဒင်ဂျာစီဝတ်ဆင်ထားတဲ့ ပရိသတ်နှစ်ယောက်ဟာ ပွဲမတိုင်ခင်ကတည်းက သေနတ်နဲ့ အပစ်ခံရတာဖြစ်ပြီး ပြိုင်ပွဲတာဝန်ရှိသူတွေက ပွဲကို ဆက်လက်ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာပါ။

အဲဒီနောက် ပထမပိုင်းအပြီးမှာ တဖက်တဂိုးစီ သရေကျနေခဲ့တာပါ။ ဆွီဒင်ပရိသတ်နှစ်ယောက် သေနတ်နဲ့ အပစ်ခံခဲ့ရတဲ့သတင်းကို သိရှိခဲ့ပြီးနောက်မှာ ကစားသမားတွေက ဆက်လက်ကစားဖို့ ငြင်းဆန်ခဲ့ပြီး ပရိသတ်တွေဘက်ကလည်း ပွဲကို ဆက်လက်ကြည့်ရူဖို့ မဖြစ်နိုင်တာကြောင့် ဒုတိယပိုင်းကို ပြန်လည်စတင်နိုင်ခြင်း မရှိတော့ဘဲ ရပ်နားခဲ့တာပါ။

တိုက်ခိုက်ခံရမှုမှာ နောက်ထပ် ဆွီဒင်ပရိသတ်တယောက်ကတော့ ဒဏ်ရာအပြင်းအထန်ရပြီး ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

နှစ်သင်းပရိသတ်တွေဟာ လုံခြုံရေးအခြေအနေကြောင့် ကွင်းထဲမှာ ၂ နာရီလောက် နေခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုကို ISIS အဖွဲ့ဝင် မွတ်စလင်အမျိုးသားတယောက်က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်နိုင်ငံ အီလီနွိုက်စ်ပြည်နယ်မှာ မွတ်စ်လင်ဆန့်ကျင်ရေး အမျိုးသားတဦးက အသက် ၆ နှစ်အရွယ် ပါလက်စတိုင်းဖွား ကလေးငယ်တဦးကို သတ်ဖြတ်ခဲ့ပြီး မိခင်ဟာလည်း တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်အပေါ် လက်စားပြန်ချေခဲ့တာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013