DVB Logo
Home
နိုင်ငံတကာ
အီကွေဒေါသမ္မတရွေးကောက်ပွဲတွင် လူငယ်စီးပွားရေးလုပ်ငန်းရှင် နိုဘိုအာ အနိုင်ရ
DVB
·
October 17, 2023
အီကွေဒေါသမ္မတရွေးကောက်ပွဲတွင် လူငယ်စီးပွားရေးလုပ်ငန်းရှင် နိုဘိုအာ အနိုင်ရ
Donate to DVB

အီကွေဒေါနိုင်ငံမှာ အောက်တိုဘာ ၁၅ ရက်က ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ လူငယ်စီးပွားရေးလုပ်ငန်းရှင် ဒန်နီရယ် နိုဘိုအာက အနိုင်ရရှိခဲ့တယ်။ 

တောင်အမေရိကနိုင်ငံဖြစ်တဲ့ အီကွေဒေါမှာ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှု မြင့်တက်နေတဲ့အပြင် စီးပွားရေးအရ အားနည်းမှုပါ ရှိနေတာကြောင့် အသက် ၃၅ နှစ်အရွယ် နိုဘိုအာအနေနဲ့ ပြန်လည်တည်ဆောက်မယ်ဆိုပြီး ကြွေးကြော်ထားပါတယ်။ 

ဒါကြောင့် စီးပွားရေးမြှင့်တင်ဖို့အပါအဝင် လူငယ်တွေအတွက် အလုပ်အကိုင် ဖန်တီးပေးဖို့နဲ့ အန္တရာယ်ရှိတဲ့ ရာဇဝတ်သားတွေကို သင်္ဘောထောင်တွေပေါ် နေရာချထားဖို့စတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး နိုဘိုအာက ကတိပြုခဲ့ပါတယ်။ 

ဒီရွေးကောက်ပွဲအတွင်း ဆန္ဒမဲစုစုပေါင်းရဲ့  ၉၀ ရာခိုင်နှုန်းကျော်ကို ရေတွက်ပြီးချိန်မှာတော့ လက်ဝဲ ဝါဒီ ပြိုင်ဘက်ဖြစ်သူ လူဝီဆာဂွန်ဇာလက်ဇ်က ၄၈ ရာခိုင်နှုန်းနီးပါး ဆန္ဒမဲရရှိချိန်မှာ နိုဘိုအာ အနေနဲ့ ၅၂ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ 

သမားရိုးကျ နိုင်ငံရေးလောကရဲ့  ပြင်ပလူဖြစ်သလို လူငယ်ဆန်တဲ့ အမြင်လည်းရှိတဲ့ ဒီနိုင်ငံရေးသမားရဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်ကြောင့် နိုဘိုအာအပေါ် ထောက်ခံသူတွေက တနိုင်လုံးအတိုင်းအတာနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။

အီကွေဒေါနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု စတင်ချိန်ကစလို့ ရုန်းကန်နေရသလို နိုင်ငံသားတွေရဲ့ ပြည်ပရွှေ့ပြောင်းမှုကိုလည်း တွန်းပေးအားရာ ရောက်ခဲ့ပါတယ်။

ဒါ့အပြင် လူသတ်မှု၊ လုယက်မှုနဲ့ အကျဉ်းထောင် ဆူပူမှု စတဲ့ ရာဇဝတ်မှုဖြစ်ရပ်တွေပါ အတော်မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ 

ဒါကြောင့် နိုဘိုအာဟာ နိုင်ငံ့ စီးပွားရေးအပေါ်  ပြန်လည်တည့်မတ်ပေးရမယ့် စိန်ခေါ်မှု ကြီးကြီးမားမားနဲ့ ရင်ဆိုင်ရဖို့ ရှိတယ်ဆိုပြီး ဖော်ပြထားပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013