DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် အိမ်ခန်းငှားခစျေးကြီးပြီး ပွဲစားများ ချုပ်ကိုင်မှုကြောင့် အိမ်ငှားများ အခက်တွေ့
DVB
·
October 16, 2023
ရန်ကုန်တွင် အိမ်ခန်းငှားခစျေးကြီးပြီး ပွဲစားများ ချုပ်ကိုင်မှုကြောင့် အိမ်ငှားများ အခက်တွေ့
Donate to DVB

ရန်ကုန်မြို့မှာ အိမ်နဲ့ တိုက်ခန်းအငှားစျေး မြင့်တက်နေသလို ပွဲစားတချို့က အခန်းငှားစျေးကွက်ကို ချုပ်ကိုင်ကစားနေတာကြောင့် ဝါကျွတ်မှာ ပြောင်းရွှေ့ဖို့ အခန်းရှာနေတဲ့ အိမ်ငှားတွေ အခက်တွေ့နေရတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရသူတွေက ဆိုပါတယ်။

ရန်ကုန်မြို့က တိုက်ခန်းအငှားစျေးကွက်ဟာ ပွဲစားတွေရဲ့ ပါးစပ်ပေါက်စျေးအတိုင်းသာ ဖြစ်နေပြီး အခန်းရှင်နဲ့ တိုက်ရိုက်အငှားဖြစ်တာ မရှိသလောက် အနေအထား ဖြစ်နေတယ်လို့ သူတို့ကဆိုပါတယ်။

သင်္ဃန်းမြို့နယ်မှာနေထိုင်တဲ့ အိမ်ငှားတဦးက “လက်ရှိအိမ်က ပွဲစားက လူသစ်ရှာလာလို့ ဝါကျွတ်ရင် ပြောင်းပေးရမှာ။ နောက်အခန်းတွေ ရှာတာလည်း စျေးတွေက အဆမတန်တက်နေလို့ အဆင်မပြေသေးဘူး။ အခု အပေါ်ဆုံးအလွှာတောင် တသိန်းခွဲအထက် စျေးခေါ်နေကြတာ” လို့ ပြောပါတယ်။

လက်ရှိ တိုက်ခန်းစျေးတွေကို ပွဲစားက အမြင့်ဆုံးစျေးခေါ်ထားပြီး ပေးနိုင်သူကိုပဲ အငှားလက်ခံနေတာကြောင့် စျေးကွက်ပျက်တဲ့ အနေအထား ရောက်နေတာလို့လည်း အိမ်ငှားတွေက ​ဆိုပါတယ်။

ဒါ့အပြင် အိမ်ရှင်တွေကလည်း စျေးပိုရလိုစိတ်တွေ ရှိလာသလို ပွဲစားခကို အိမ်ရှင်ကိုယ်တိုင်က တဝက်ယူတဲ့ အခြေအနေတွေပါ ရှိလာနေတာလို့ သူတို့က ပြောပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှ အိမ်ငှားတဦးက “အရင်က မြေညီဆိုဘယ်လောက်၊ လေးလွှာဆို ဘယ်လောက် စသဖြင့် အခန်းစျေးက ခန့်မှန်းလို့ရတယ်။ အခုက မှန်းမရတော့ဘူး၊ အထပ်မြင့်အခန်းက အနိမ့်ခန်းထက်လည်း စျေးပိုချင်ပိုနေတာ၊ စာချုပ်တခါချုပ် တစျေးတွေ ဖြစ်နေကြပြီ” လို့ ပြောပါတယ်။

အဲဒီလို စျေးကွက်ဖြစ်နေလို့ ဝါကျွတ်မှာ လက်ရှိအခန်းကဖယ်ပြီး နောက်အခန်းရှာကြရမယ့် အိမ်ငှားတွေအနေနဲ့ အခက်အခဲတွေ ရှိနေသလို အခုလို ကျပ်တည်းတဲ့ကာလမှာ ပွဲစားတွေရဲ့ လုပ်ရပ်​အပေါ် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013