DVB Logo
Home
အားကစား
မကာအိုကို ခံစစ်ပိတ်မကစားဘဲ အနိုင်ကစားသွားမယ်လို့ မြန်မာနည်းပြပြော
DVB
·
October 16, 2023
မကာအိုကို ခံစစ်ပိတ်မကစားဘဲ အနိုင်ကစားသွားမယ်လို့ မြန်မာနည်းပြပြော
Donate to DVB

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) ပထမအဆင့်၊ ပထမအကျော့ပွဲစဉ်မှာ မကာအိုအသင်းကို ဂိုးပြတ်အနိုင်ရရှိထားပေမဲ့ ဒုတိယအကျော့ပွဲမှာ ခံစစ်မကစားဘဲ အနိုင်ကစားသွားမယ်လို့ မြန်မာ့လက်ရွေးစင်အသင်းနည်းပြ ဖက်ချ်တန်ဘိုင်နာက ပြောပါတယ်။

မနက်ဖြန် မကာအိုအသင်းနဲ့ မကစားမီ အောက်တိုဘာ ၁၆ ရက်က မကာအိုမှာပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မြန်မာနည်းပြက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာလက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲပထမအဆင့် ပထမအကျော့မှာ မကာအိုအသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိထားပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့သလို အဝေးကွင်းမှာလည်း အနိုင်ရရှိအောင် ကြိုးစားသွားမယ်လို့ မြန်မာ့လက်ရွေးစင်အသင်းနည်းပြ ဖက်ချ်တန်ဘိုင်နာက ပြောပါတယ်။

“အိမ်ကွင်းမှာ နိုင်ခဲ့သလို အဝေးကွင်းမှာလည်း နိုင်ချင်ပါတယ်။ နိုင်ပွဲရဖို့အတွက် အခွင့်အရေးအားလုံးကို အသုံးချသွားမှာပါ။ ခံစစ်ကစားသွားဖို့မရှိဘဲ အင်အားအပြည့်နဲ့ အနိုင်ရရှိဖို့ ကစားသွားမှာပါ။ ပထမအကျော့မှာ ဂိုးပြတ်နိုင်ခဲ့တယ်ဆိုပေမဲ့ မကာအို အသင်းကလည်း ယှဥ်ကစားနိုင်စွမ်း ရှိပါတယ်။ ပွဲပြီးခါနီး မိနစ် ၃၀ လောက်မှာ ကစားအားကျသွားတဲ့အတွက် ဂိုးတွေသွင်းနိုင်ခဲ့တာပါ” လို့ ပြောပါတယ်။

မြန်မာ့လက်‌ရွေးစင်အသင်းခေါင်းဆောင် ကျော်မင်းဦးကလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် အကြိုပြင်ဆင်မှုအဖြစ် အခုပွဲကို အနိုင်ကစားသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ပထမပွဲမှာ အနိုင်ရခဲ့သလို ဒီပွဲကိုလည်း အနိုင်ရချင်ပါတယ်။ ဒီပွဲစဥ်ကို လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဥ်တွေအတွက် အကြိုပြင်ဆင်မှုအဖြစ် သတ်မှတ်ထားပါတယ်။ အင်အားအပြည့်၊ အာရုံစူးစိုက်မှုအပြည့်နဲ့ ယှဥ်ပြိုင်ကစားသွားမှာပါ” လို့ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား ကျော်မင်းဦးက ပြောပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနဲ့ မကာအိုလက်ရွေးစင်အသင်းတို့ဟာ အောက်တိုဘာ ၁၇ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ မကာအိုကို ကျော်ဖြတ်နိုင်ပါက ဒုတိယအဆင့်မှာ ဂျပန်၊ မြောက်ကိုရီးယား၊ ဆီရီးယားတို့ ပါဝင်တဲ့ အုပ်စု ခ မှာ‌ ကျရောက် ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Photo-MFF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013