DVB Logo
Home
မြန်မာသတင်း
မီဇိုရမ်ပြည်နယ်၌ မြန်မာနိုင်ငံသား ၁ ဦး စိတ်ကြွဆေးပြားများနှင့် ဖမ်းဆီးခံရ
DVB
·
October 16, 2023
မီဇိုရမ်ပြည်နယ်၌ မြန်မာနိုင်ငံသား ၁ ဦး စိတ်ကြွဆေးပြားများနှင့် ဖမ်းဆီးခံရ
Donate to DVB

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားတဦးကို ရူပီး ၄၅ ကုဋေ (ကျပ် သိန်း ၁၆,၂၀၀) တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ အောက်တိုဘာ ၁၅ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ India Today သတင်းမှာ ဖော်ပြထားပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်၊ ချန်ဖိုင်ခရိုင်၊ ဇိုခေါထောကျေးရွာမှာ အာသံရိုင်ဖယ်တပ်ရင်းက စစ်ဆင်ရေးတခုလုပ်ပြီး အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုကမ်ဗျက်တုန်းကို ရူပီး ၄၅ ကုဋေ (ကျပ် သိန်း ၁၆,၂၀၀) တန်ဖိုးရှိတဲ့ မက်သာဖက်တမင်း အပြား ၁၅၀,၀၀၀ နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ချင်းလူမျိုး ကိုကမ်ဗျက်တုန်းကို အာသံရိုင်ဖယ်တပ်ရင်းက ချန်ဖိုင်းရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၇ ရက်ကလည်း မီဇိုရမ်ပြည်နယ်မှာ ရူပီး ၂,၆၀၀,၀၀၀ ကျော် တန်ဖိုးရှိတဲ့ စီးကရက်ဖာ ၇ ဖာ၊ ဝိုင် ၁၆ ဖာနဲ့ ဝီစကီအရက်တွေကို အာသံရိုင်ဖယ်တပ်ရင်းက ဖမ်းဆီးရမိခဲ့ပါသေးတယ်။

Source - India Today

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013